Social Icons

Pages

Tuesday, November 6, 2018

ဘဏ်စာရင်း မရှိသူ သန်း ၄ဝဝ အတွက် GRAB နှင့် MASTERCARD တို့ပူးပေါင်း၍ ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်မည်


-
ရန်ကုန် နိုဝင်ဘာ ၅ 
-
ဘဏ်စာရင်းမရှိသူ လူဦးရေ သန်း ၄ဝဝ အတွက် အရှေ့တောင်အာရှနှင့် ကိုက်ညီသည့် ကြိုတင်ငွေဖြည့်ကတ်များကို Grab   နှင့် Mastercard တို့ ပူးပေါင်း၍ ထုတ်လုပ် မည်ဖြစ်ကြောင်း သိရသည်။
-
ကြိုတင်ငွေဖြည့်ကတ်များကို Grab မှ Application   နှင့်  တိုက်ရိုက် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်ကတ်နှင့် ပုံမှန်ကြိုတင်ငွေဖြည့် ကတ်ဟူ၍ နှစ်မျိုး ထုတ်လုပ်မည်ဖြစ်သည်။
-
Grab Pay အနေဖြင့်  ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်ပေးနိုင်၍ Grab Application  ၏ မိုဘိုင်းလ် ငွေပေးချေမှု ပလက်ဖောင်းသည် အရှေ့တောင်အာရှမှ ကမ္ဘာ တစ်ဝန်းအထိ အသုံးပြုနိုင်သည့် ပထမဆုံး e-wallet များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
-
''Grab  ရဲ့ ကြိုတင်ငွေဖြည့်ကတ်တွေက အရှေ့တောင်အာရှ အတွက်   ကြီးမားတဲ့ အလေ့အထ အပြောင်းအလဲတစ်ခုဖြစ်မှာပါ။ အခုဆိုရင် ဒေသတွင်း အသုံးပြုနိုင်တဲ့ အဆင့်ကနေ ကမ္ဘာအနှံ့ လက်ခံအသုံးပြုနိုင် တဲ့ ပထမဆုံး  e-wallet ဖြစ်သွားပါပြီ။ ဒါက  အရှေ့တောင်အာရှရဲ့  ငွေကြေးစီမံ ခန့်ခွဲမှုဆိုင်ရာ နည်းပညာမှာ  ဦးဆောင်သူအဖြစ်   အသိအမှတ်ပြု ခံထားရတဲ့အနေအထားကို ပိုပြီးခိုင်မာစေရုံသာမက  ဒေသ တွင်း ဘဏ်စာရင်းမရှိသူ၊ ဘဏ် ဝန်ဆောင်မှု အပြည့်မရရှိသူ လူဦးရေသန်း ၄ဝဝ ကို အွန်လိုင်းကနေ ကုန်ပစ္စည်းတွေနဲ့  ဝန်ဆောင်မှုတွေ ဝယ်ယူအသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာပါ'' ဟု Grab Financial ၏ စီနီယာ မန်နေးဂျင်း ဒါရိုက်တာ Mr.Reuben Lai ကပြောသည်။
-
ကြိုတင်ငွေဖြည့်ကတ် ရယူရန်  Grab Application မှတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပြီး    Grab  Application  ရှိ Grab Pay wallet အတွင်း  ဒစ်ဂျစ်တယ်ကတ် လက်ခံရရှိမည်ဖြစ်သည်။ထို့ပြင် NFC နှင့် EMV Chip နည်းပညာသုံး ငွေလက်ခံ စက်နှစ်ခုစလုံးတွင် အသုံးပြုနိုင်သော ပုံမှန် ကြိုတင်ငွေဖြည့်ကတ် တစ်ခုကိုလည်း Grab က ပေးအပ်မည်ဖြစ်သည်။  ကတ်ငွေဖြည့်ခြင်းကို Grab Pay ပလက်ဖောင်းတွင် ပါဝင်သည့်  Grab ၏အသေးစား လုပ်ငန်းရှင်များကို ငွေသားဖြင့် ရှင်းပေးမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...