Social Icons

Pages

Thursday, October 11, 2018

ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဝင်စည်းရုံးရေးနှင့် အသိပညာပေးဆွေးနွေး


လွိုင်ကော် အောက်တိုဘာ ၉ 
ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဝင်စည်းရုံးရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက လွိုင်ကော်ခရိုင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန 
အစည်းအဝေးခန်းမ၌ ကျင်းပသည်။
-
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နိုင်ငံတော် အကြီးအကဲများအနေဖြင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဖော်ဆောင်ရာတွင် လူမှုရေးအသင်းအဖွဲ့များ၏ အခန်းကဏ္ဍသည် နိုင်ငံတော်အတွက်၊ 
တိုင်းရင်းသား ပြည်သူများအတွက် များစွာ အထောက်အကူ ရရှိကြောင်း၊ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့် အစိုးရ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ချိတ်ဆက်မှု အားကောင်းလျှင် ကောင်းသလို လုပ်ငန်းများအောင်မြင်မည်ဖြစ်
ပြီး ပူးပေါင်းချိတ်ဆက်မှုအားနည်းပါက လုပ်ငန်းများနှောင့်နှေးသွားမည် ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် အစိုးရ၊ ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အမြဲ
မပြတ်ပူးပေါင်း ချိတ်ဆက်ဆောင်ရွက် သွားရန်ပြောကြားထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အသင်းအဖွဲ့များအနေဖြင့် မိမိတို့ဆောင်ရွက်မည့်ကဏ္ဍများအပေါ် အတွေးသစ်၊ အမြင်သစ်များနှင့် အစီအမံများ စနစ်တကျရေးဆွဲ၍ 
ပူးပေါင်း ဖော်ဆောင် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးက တာဝန်ယူပြီး 
ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးတို့၏ဇနီးများ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် 
ဖွဲ့စည်းပြီး လုပ်ငန်းများကြိုးပမ်းဖော်ဆောင်နေသည်ကို တွေ့ရှိရကြောင်း၊ ပုံဖော်သည့်နေရာတွင် အားနည်းချက်များ မရှိရန်အသိပညာပေးခြင်း၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ချပြရှင်းလင်းခြင်းများ ဆောင်ရွက်ရန်လိုအပ်
ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ကပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးရန် တံခါးဖွင့်ထားကြောင်း၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး တို့ကလည်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးရန် လမ်းညွှန်ထားရှိကြောင်း၊ ပူးပေါင်း
ချိတ်ဆက် ဆောင်ရွက်ရမည့် ကဏ္ဍများကို လာရောက်တင်ပြလာပါက ကြိုးပမ်းဖော်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
-
ဆက်လက်၍ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးချန်ပဲ့က ပြည်နယ်အဆင့် ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး ပြည်နယ်ဥပဒေချုပ်ရုံးမှ 

ပြည်နယ်ဥပဒေ အရာရှိက အမျိုးသမီးနှင့်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ကြောင်း သိရသည်။
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...