Social Icons

Pages

Tuesday, September 4, 2018

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ စတင်



နေပြည်တော် ၄-၉-၂ဝ၁၈

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် အတူ အဖွင့်ပွဲစဉ်များဖြစ်သည့် အမျိုးသား ဘော်လီဘောပွဲစဉ်တွင် တောင်ငူတပ်နယ် အသင်းနှင့် ပြည်တပ်နယ်အသင်း၊ အမျိုးသမီး ဘော်လီဘောပွဲစဉ်တွင် ဘုရင့်နောင် တပ်နယ်အသင်းနှင့် တောင်ငူတပ်နယ်အသင်း တို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်မှ ၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၂ သင်းနှင့် အမျိုးသမီးအသင်း ၁၂ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...