Social Icons

Pages

Tuesday, September 4, 2018

မြန်မာ့တပ်မတော် စစ်တီးဝိုင်းအဖွဲ့ ဝင်ရောက်ဖျော်ဖြေသော နိုင်ငံတကာစစ်ဘက်ဆိုင်ရာ တေးဂီတပွဲတော် အောင်မြင်စွာပြီးဆုံး


မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့ ဝင်ရောက်ဖျော်ဖြေသော နိုင်ငံတကာစစ်ဘက်ဆိုင်ရာ တေးဂီတပွဲတော်ပိတ်ပွဲအခမ်းအနား ကျင်းပစဉ်။

နေပြည်တော် ၄-၉-၂ဝ၁၈

နိုင်ငံတကာစစ်ဘက်ဆိုင်ရာ တေးဂီတပွဲတော် International Military Tattoo (Spasskaya Tower) ပိတ်ပွဲကို ဒေသစံတော်ချိန် မွန်းတည့် ၁၂နာရီတွင် လည်းကောင်း၊ ည ၈နာရီတွင်လည်းကောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ရင်ပြင်နီ (Red Square)၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတကာ စစ်တီးဝိုင်းအဖွဲ့များမှ မြူးကြွသော တေးသီချင်းများ၊ ညီညာလှပသော ကကွက်များနှင့် ပုံဖော်မှုများဖြင့် တစ်ဖွဲ့ချင်းစီအလိုက် ဖျော်ဖြေကြသည်။

မြန်မာ့တပ်မတော်စစ်တီးဝိုင်း အဖွဲ့အနေဖြင့် ကွင်းအတွင်းသို့ "တပ်မတော်" စစ်ချီတေးသီချင်းကို အားမာန်အပြည့်ဖြင့် တီးမှုတ်ဝင်ရောက်ပြီး (MYANMAR)စာလုံးကို "ပြည်သူ့တပ်မတော်" စစ်ချီတေးသီချင်းဖြင့် ညီညာစွာ ပုံဖော်ပြသသည်။

ဆက်လက်၍ ညီညာမှုကို ပြသသော ကကွက်များဖြင့် ဖျော်ဖြေပြီး ဧည့်ခံပုံစံ နေရာယူ၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ စည်းလုံးညီညွတ်ခြင်းကို ဖော်ကြူးရေးဖွဲ့ထားသော သီချင်းတစ်ပုဒ်ဖြစ်သည့် "စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်" နှင့် မြန်မာသံစဉ်တေးသီချင်း တစ်ပုဒ်ဖြစ်သော"ဒိုးကလေး"သီချင်းကို သံပြိုင်တီးမှုတ် ဖျော်ဖြေသည်။

ထို့နောက် "အောင်လံဝင့်ဝင့် သမိုင်းအဆင့်ဆင့်"စစ်ချီတေးသီချင်းကို တီးမှုတ်လျက် ညီညာသော ခြေလှမ်းများနှင့် အတူကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ခဲ့ကြကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...