Social Icons

Pages

Wednesday, August 15, 2018

ပုဂံဒေသတွင် သုံးရက်တာ နေထိုင်လည်ပတ်ခွင့်အတွက် နိုင်ငံခြားသားတစ်ဦးလျှင် ဇုန်ဝင်ကြေးငွေကျပ် ၂၅၀၀၀ ကောက်ခံသွားမည်



နေပြည်တော် ၁၅-၈-၂ဝ၁၈

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ဇုန်ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားများ ပုဂံဒေသတွင်သုံးရက်တာ နေထိုင်လည်ပတ်ခွင့် အတွက် နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၂၅ဝဝဝ ကောက်ခံသွားရန် အတွက်နိုင်ငံသားပိုင် ကုမ္ပဏီများကို တင်ဒါ ခေါ်ယူထားပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ပုဂံဇုန်ဝင်ကြေး ကောက်ခံခြင်းအတွက် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီအဖွဲ့အစည်းများကို ယခင်လအတွင်းက တင်ဒါများခေါ်ယူခဲ့ပြီး လာမည့် စက်တင်ဘာလ ဆန်းပိုင်းတွင် တင်ဒါဖွင့်ဖောက် ကြေညာသွားမည်ဖြစ်ကြောင်း၊ အဆိုပါဇုန်ဝင်ကြေးကို ယခင်နှစ်များကလည်း နိုင်ငံခြားသားများအတွက် တစ်ဦးလျှင် ပုဂံယဉ်ကျေးမှု နယ်မြေဒေသတွင် ငါးရက်တာနေထိုင် လည်ပတ်ခွင့်ကို ငွေကျပ် ၂၅ဝဝဝဖြင့် ကောက်ယူခဲ့ရာမှ ယခုနှစ်မှစတင်၍ လည်ပတ်ခွင့်ရက်ကို သုံးရက်ထိလျှော့ချ သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့သုံးရက်ထိ လျှော့ချသတ်မှတ်ခြင်းမှာ ပုဂံဒေသအနေဖြင့် အမှန်တကယ် လည်ပတ်မည်ဆိုပါက သုံးရက်တာဖြင့် ပြည့်စုံနှံ့စပ်စွာ ရောက်ရှိနိုင်ခြင်း ဖြစ်၍ ရက်လျှော့ချသတ်မှတ် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

"အရင်ကတော့ ငါးရက်လည်ပတ် နေထိုင်ခွင့်ရှိပါတယ်။ ဒီနှစ်ကျတော့ သုံးရက်ထိပဲ နေထိုင်လည်ပတ် ခွင့်ရှိမှာပါ။ ဇုန်ဝင်ကြေးကတော့ မပြောင်းလဲပါဘူး။ ပုဂံက တကယ်လည်ပတ်ရင် သုံးရက်နဲ့ အားလုံးနှံ့စပ် နိုင်ပါတယ်"ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပြသည်။

တင်ဒါစတင်ဖွင့်ဖောက် ရာတွင်ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာ ယုံကြည်မှု၊ စိတ်ချရမှု၊ လုပ်ငန်းအတွေ့အကြုံရှိမှုနှင့် အဆိုပြုတင်သွင်း လာသည့် ဈေးနှုန်းများအပေါ် မူတည်၍ ပဏာမအဆင့် အနည်းဆုံးကုမ္ပဏီ လုပ်ငန်းရှင်သုံးဦးကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...