Social Icons

Pages

Wednesday, August 15, 2018

ညောင်ရွှေမြို့နယ် မိုင်းသောက်ကျွန်းမျော ဧက ၉၀ ပေါ်တွင် ဟိုတယ်တည်ဆောက်မည်ကို ဒေသခံများကန့်ကွက်



ညောင်ရွှေ ၁၅-၈-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် မိုင်းသောက်ဒေသတွင် Myanmar Naing Group ကုမ္ပဏီက ဟိုတယ်တည်ဆောက်မည်ကို ကန့်ကွက်ရန် သြဂုတ် ၁၃ ရက်က မိုင်းသောက်ပထမ စာသင်တိုက်၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

မိုင်းသောက်ရှိ သဘာဝကျွန်း ရိုင်းတောများကို ထိန်းသိမ်းကာကွယ်ရန် အင်းသူ၊ အင်းသားများက အသိပညာပေးမှုများ ပြုလုပ်ကာ Myanmar Naing Group ကုမ္ပဏီက ဟိုတယ်တည်ဆောက်မည်ကို လက်မှတ် ကောက်ကန့်ကွက် ကြကြောင်း သိရသည်။

"အဓိကရည်ရွယ်ချက်က Myanmar Naing Group က ဧက ၉ဝ မှာ ဟိုတယ်ဆောက်ဖို့ ကိစ္စကို ကန့်ကွက်ဖို့ဖြစ်ပါတယ်။ လက်မှတ် ထိုးကန့်ကွက်လွှာ တွေကိုလဲ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ လွှတ်တော်၊ ကော်မတီတွေထံ တင်ပြနိုင်ဖို့ လုပ်တာပါ"ဟု အင်းလေး အရပ်ဘက် လူမှု အဖွဲ့အစည်းကွန်ရက် အလုပ်အမှုဆောင် မခင်စိုးဝင်းက ပြောပြသည်။

ယင်းကုမ္ပဏီက မိုင်းသောက်ကျွန်းမျော ရိုင်းဧက ၉ဝတွင် ဟိုတယ်တည်ဆောက် ခွင့်ပြုရန် ဌာနဆိုင်ရာကို တောင်းဆို လာသည့်အတွက် ဌာနဆိုင်ရာက ဒေသခံများကန့်ကွက်နိုင်ကြောင်း ဒေသခံများကိုအသိပေး အကြောင်းကြား လာ၍ ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဟိုတယ်တည်ဆောက်ရန် ကုမ္ပဏီများဘက်က ဒေသခံတချို့ကို မက်လုံးပေးပြီး ထောက်ခံခိုင်းခြင်း များလည်းရှိကြောင်း၊ ထိုသို့ပြုလုပ်သည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူသင့်ကြောင်း လူထုတွေ့ဆုံပွဲမှ သိရသည်။

လူထုတွေ့ဆုံပွဲတွင် ဒေသခံဦးရေ ၅ဝဝ ကျော်၏ ကန့်ကွက်ချက် လက်မှတ်များ ကောက်ခံရရှိထားပြီး သက်ဆိုင်ရာ အသီးသီးကို တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။ မိုင်းသောက် ကျွန်းမျောရိုင်းဧက ၉ဝ ကို Myanmar Naing Group ကုမ္ပဏီက ဟိုတယ်တည်ဆောက်ရန် စီမံကိန်းကို ဒေသခံများက လက်မှတ်ထိုးကန့်ကွက်မှု နှစ်ကြိမ်၊ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ကန့်ကွက်မှု တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...