Social Icons

Pages

Wednesday, August 15, 2018

ဒီးမော့ဆိုမြို့နယ်၌ မိုးစပါး ၃၃၂၃၉ ဧက စိုက်ပျိုးရန်လျာထား



ဒီးမော့ဆို ၁၅-၈-၂ဝ၁၈

လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်၌ ယခုနှစ်မိုးစပါး စိုက်ရာသီတွင် မြို့နယ်အတွင်းရှိ ဆည်၊ ကန်များ၊ပုဂ္ဂလိကဆည်၊ မိုးကောင်းသောက်၊ မြစ်ရေတင်နှင့် သဘာဝရေများမှ ရရှိသောရေများဖြင့် မိုးစပါး ၃၃၂၃၉ ဧက စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် မိုးစပါး စိုက်ပျိုးမှုအနေဖြင့် ဆည်၊ ကန်နှင့် သဘာဝရေများမှ ဖြန့်ဝေသော ရေများဖြင့် လယ်ယာ ၂၉၄၅၉ ဧက၊ ယာ ၇၆၇ဧကနှင့် တောင်ယာ ၃ဝ၁၃ဧက စုစုပေါင်းမိုးစပါး ၃၃၂၃၉ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက် ရှိကြောင်း၊ သြဂုတ်လ ပထမပတ်ထိ လယ်ယာ ၁၃၇၉၃ ဧက၊ ယာ ၇၆၇ဧကနှင့် တောင်ယာ ၃ဝဝ၉ဧက စုစုပေါင်း ၁၇၅၆၉ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထို့ပြင် တောင်သူများ အနေဖြင့် မိုးစပါး အချိန်မီစိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် တောင်သူများနှင့်တွေ့ဆုံ၍ နည်းပညာပေး ဆွေးနွေးပွဲများလည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...