Social Icons

Pages

Monday, August 27, 2018

နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့အနွယ်ဝင် သီလရှင်စာသင်တိုက်များသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာ ပင်အလှူငွေများ လှူဒါန်း


နေပြည်တော်တပ်ကုန်း မြို့နယ် မဟာသီဟနာဒပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏထံ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား ဆက်ကပ်လှူဒါန်းစဉ်။

စစ်ရေးချုပ်ဒုတိယ ဗိုလ်ချုပ်ကြီးဆန်းဦး ဆွမ်းပဒေသာပင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်စဉ်။

နေပြည်တော် ၂၇-၈-၂ဝ၁၈

နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များသို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး နှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် တပ်ကုန်းမြို့ရှိ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်တပ်ကုန်းမြို့နယ် မဟာသီဟနာဒပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ အာစိဏ္ဏ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး စစ်ရေး ချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ နေပြည်တော်ကောင်စီဝင်များ၊ စေတနာရှင်အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ၀တ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက မဟာသီဟနာဒပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာ တော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရား တော်များ ချီးမြှင့်တော်မူကြသည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့်အလှူရှင်များက ဆွမ်းဆန်တော်နှင့်ဆီ၊ ဆား၊ ပဲ၊ ဆေး များအား မဟာသီဟနာဒပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြ သည်။ ယင်းနောက် ဆွမ်းပဒေသာပင်အလှူငွေများအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင် များက အသီးသီးပေးအပ်လှူဒါန်းကြရာ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး နှင့်တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူကြသည်။

နေပြည်တော်တပ်ကုန်းမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်း လျက်ရှိပြီး ယနေ့လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၁၀၉၆၄၀၀၀ ကျပ်၊ ဆန် ၅၃၄ အိတ်၊ ဆီ ၁၁၆.၂ ပိဿာ၊ ပဲ ၁၀၉၂ ပိဿာ၊ ဆား ၁၀၉၂ ပိဿာ၊ ငရုပ်သီးမှုန့် ၂၁၀၀ ထုပ်၊ ငါးပိထောင်းဘူး ၁၀၀၀ ဘူး၊ နနွင်းမှုန့် ၇၀၀ ထုပ်၊ မဆလာ ၇၀၀ ထုပ်၊ လက်ဘက်ခြောက် ၃၀ ထုပ်၊ ဆေးမျိုးစုံ ၆၃၂၀ ဘူးနှင့် လှူဖွယ်ခြင်း ၂၉ ခြင်း တို့ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...