Social Icons

Pages

Tuesday, June 12, 2018

လူခုနစ်ဦး စိတ်ကြွဆေးပြား၊ ဘိန်းဖြူများနှင့် အတူ ဖမ်းဆီးလိုက်ပြီ



အင်းတော် ၁၂-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် လယ်နောင်ကျေးရွာ အုပ်စု သံဘိုကျေးရွာအနီး နေအိမ်တဲမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ် မဲဇာရဲကင်း စခန်းမှူး ရဲအုပ်ကျော်မင်းနှင့် တပ်ဖွဲ့ဝင်များသည် ဇွန် ၁ဝရက်ညနေ ၅ နာရီမိနစ် ၃ဝ ခန့်ကသက်သေ များနှင့်အတူ မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ အင်းတော်မြို့နယ် လယ်နောင် ကျေးရွာအုပ်စု သံဘိုကျေးရွာ အရှေ့ဘက် လွင်ကြီးကွင်းရှိ ညွန့်လင်း၏ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့သည်။

ထိုသို့ရှာ ဖွေရာ ညွန့်လင်းနှင့် အတူကျော်ဇေယျ၊ စိုးမြင့်၊ ဝင်းဇော်၊စိုးမင်းထွန်း၊ အောင်ဆန်းဦး၊ စိခွေး (ခ) မောင်ထွေးတို့ကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ စုစုပေါင်းအလေး ချိန် ၆ ဒသမ ၈ ဂရမ် တန်ဖိုးငွေကျပ် ၆၈ဝဝဝဝ နှင့် စိတ်ကြွ ဆေးပြား ၁၄၆ ပြား တန်ဖိုးငွေကျပ် ၇၃ဝဝဝဝကို သက်သေများရှေ့တွင် ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ညွန့်လင်း (ဘ) ဦးရှမ်းမောင် သံဘိုကျေးရွာ၊ ကျော်ဇေယျ (ဘ)ဦးထွန်းအောင် နတ်မဟုတ်ကြီးကျေးရွာ၊ စိုးမင်းထွန်း (ဘ) ဦးသီးအောင် သံဘိုကျေးရွာ၊ စိခွေး(ခ)မောင်ထွေး(ဘ) ဦးအောင်ဆန်း လယ်နောင်ကျေးရွာ၊ စိုးမြင့်(ဘ)ဦးစံလှ နတ်မဟုတ် ကလေးကျေးရွာ၊ ဝင်းဇော်(ဘ) ဦးချစ်အောင် နတ်မဟုတ်ကလေးကျေးရွာ၊ အောင်ဆန်းဦး(ဘ) ဦးမြမောင် ပင်သချေကျေးရွာ အင်းတော်မြို့နယ် နေသူတို့ကို အင်းတော် မြို့မရဲစခန်းက မယ(ပ) ၅၇/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ -၁၉ (က)/၂ဝ(က)/၂၁ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...