Social Icons

Pages

Friday, March 16, 2018

အိန္ဒိယနိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး



ရန်ကုန် ၁၆-၃-၂ဝ၁၈

အိန္ဒိယနိုင်ငံရှိ India MyanmarChamber of Commerce နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နားလည်မှု စာချွန်လွှာကို မတ် ၁၄ ရက်ညနေပိုင်းက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ လက်မှတ်ရေးထိုး ခဲ့ကြကြောင်း အဆိုပါ အသင်းချုပ်မှ သိရသည်။

နားလည်မှုစာချွန်လွှာကို အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနှင့် India Myanmar Chamber of Commerce ဥက္ကဋ္ဌ Mr.Sunil Seth တို့ကလက်မှတ် ရေးထိုးခဲ့ကြပြီး စာချွန်လွှာတွင် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး၊ အပြန်အလှန်နားလည်မှု တည်ဆောက်၍ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊အကောင်အထည် ဖော်ဆောင်ရွက် နေမှုများကို စဉ်ဆက်မပြတ်ဆွေးနွေး သွားရေးနှင့် ပြန်လည်သုံးသပ်သွားရေး တို့ပါဝင်ကြောင်း သိရသည်။

India MyanmarChamber of Commerce သည် ၂ဝ၁၇ ခုနှစ်စက်တင်ဘာလတွင် မြန်မာနိုင်ငံ အခြေစိုက်အိန္ဒိယ စီးပွားရေးအသင်းမှ ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယသံရုံးမှ ပထမအတွင်းဝန် Mrs.Shweta Singh ၊ India Myanmar Chamber of Commerce မှ အဖွဲ့ဝင်များ၊ အသင်းချုပ်တွဲဖက် အထွေထွေ အတွင်းရေးမှူးများ၊ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များနှင့် ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း အဆိုပါ အသင်းချုပ်မှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...