Social Icons

Pages

Monday, February 19, 2018

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Sothon Wararam ဘုရားကျောင်းသို့ သွားရောက်ဖူးမြော် ကြည်ညို


Sothon Wararam ဘုရားကျောင်းတွင် ဆရာတော် သံဃာတော်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ဖူးမြော်ကြည်ညိုစဉ်။

Bangpakong ခရိုင် Sothon Wararam ဘုရားကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဆီမီးအလင်းတိုင်နှင့် နံ့သာတိုင်များဆက်ကပ်လှူဒါန်းစဉ်။

ဗုဒ္ဓရုပ်ပွားတော်ဓာတ်ပုံကို လက်ထောက် ကျောင်းထိုင်ဆရာတော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား ဓမ္မဒါနလက်ဆောင် အဖြစ်ပေးအပ်စဉ်။

နေပြည်တော် ၁၉-၂-၂ဝ၁၈

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ်၊ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် Bangpakong ခရိုင်ရှိSothon Wararam ဘုရားကျောင်းသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် ဘုရားကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆီမီးအလင်းတိုင်နှင့် နံ့သာတိုင်များ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် လက်ထောက်ကျောင်းထိုင် ဆရာတော်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့အား ဘုရားသမိုင်းကို ရှင်းလင်းပြောကြားပြီး ဗုဒ္ဓရုပ်ပွားတော်ဓာတ်ပုံနှင့် ဘုရားကျောင်းသမိုင်း စာအုပ်အား ဓမ္မဒါနလက်ဆောင် အဖြစ်ပေးအပ်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် သက်တော်ရှည်ကျောင်းထိုင် ဆရာတော်ကြီး ရာခ်ျမုံးခွန်းရန်းစီအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဆရာတော် ကြီးက ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဓမ္မဒါနလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ပြီး မေတ္တာဆုမွန်ကောင်းများ ချီးမြှင့် မြွက်ကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရားကျောင်းအတွင်း ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ရာမ (၉) ဘုရင် ဘူမီဘောအဒူယာဒက်ခ်ျ၏ ဆန္ဒအတိုင်း ပြာအိုးပြဿဒ်ပုံစံတူ ထားရှိရာနေရာတို့အား လှည့်လည်ကြည့်ရှု ကြသည်။ အဆိုပါ Sothon Wararam ဆုတောင်းပြည့် ဘုရားကျောင်းကြီး၏ သက်တမ်းမှာ ၂၄၈ နှစ်ရှိပြီဖြစ်ပြီး ၁၉၆၆ ခုနှစ်တွင် ထိုင်းဘုရင်မင်းမြတ် ဘူမီဘောအဒူယာဒက်ခ်ျက အသစ်ပြန်လည်မွန်းမံရန် ဆောင်ရွက်ခဲ့သည်။ ၁၉၉၆ ခုနှစ်စက်တင်ဘာလတွင် အုတ်မြစ်ချ၍ ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင်ပြီးစီးဖွင့်လှစ်ခဲ့သည်။ ဘုရားကျောင်းကြီးတွင် ပြည်တွင်း၊ ပြည်ပဘုရာဖူးများဖြင့် အထူးစည်ကားများပြား လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...