Social Icons

Pages

Tuesday, February 20, 2018

လားရှိုးမြို့ ရပ်ကွက် (၁၂) နယ်မြေ (၁) တွင် ဘုရားမီး အမွှေးတိုင် ပူဇော်ထားရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွား



လားရှိုး ၂ဝ-၂-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၁၂) နယ်မြေ (၁၈) တွင် ဘုရားမီးအမွှေးတိုင် ပူဇော်ထားရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ ရပ်ကွက် (၁၂) နယ်မြေ (၁၈)တွင် ဖေဖော်ဝါရီ ၁၈ ရက်ည ၈ နာရီက မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဝင်းရွှေ ဦးစီးသည့် တပ်ဖွဲ့ဝင်၁၅ဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဝေလင်းအောင်ဦးစီးသည့် တပ်ဖွဲ့ဝင်ခုနစ်ဦး၊ လားရှိုးမြို့မ ရဲစခန်းမှ ဒုတိယရဲမှူး ကျော်နိုင်ဦးစီးသည့် တပ်ဖွဲ့ဝင် ခြောက်ဦး၊ လားရှိုးနယ်မြေရဲစခန်းမှ ရဲအုပ်နိုင်လင်း ဦးစီးသည့် တပ်ဖွဲ့ဝင်၃၂ဦး၊ ပြည်နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဦး ဦးစီးသည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ဦးရေ ၃ဝ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး တို့သည် မီးသတ်ယာဉ်၁၈စီး၊အုပ်ချုပ်မှုယာဉ်တစ်စီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘလှတင်ဦးစီးသည့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ည၉နာရီ မိနစ်၃ဝက မီးညွန့်ကျိုးသွားခဲ့ပြီး ည ၉ နာရီ မိနစ် ၄ဝတွင် မီးငြိမ်းခဲ့သည်။

အဆိုပါ မီးလောင်မှုကို စစ်ဆေးမေးမြန်းရာ အိမ်ရှင်ဦးစိန်မြင့်သည် နေအိမ်အပေါ်ထပ် ဘုရားခန်းတွင် ဘုရားမီးအမွှေးတိုင် ပူဇော်ထားရှိခဲ့ပြီး နေအိမ်အပြင်သို့ ထွက်ခွာသွားရာ ဘုရားခန်းတွင် ဘုရားမီးပူဇော် ထားရာမှတစ်ဆင့် မီးစတင် လောင်ကျွမ်းခဲ့ကာ နေအိမ် RC နှစ်ထပ်တိုက် နေအိမ်အပေါ်ထပ် တစ်ခုလုံး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၂ သိန်းခန့်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်စိန်မြင့်ကို လားရှိုးနယ်မြေ ရဲစခန်းက (ပ)၂၃/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...