Social Icons

Pages

Tuesday, February 20, 2018

မန်းရွှေစက်တော်ဘုရားပွဲတော် ပုသိမ်၊ မုံရွာတိုက်တန်း မီးလောင်မှုဖြစ်ပွား



မင်းဘူး ၂ဝ-၂-၂ဝ၁၈

မင်းဘူး (စကု) မြို့နယ် မန်းရွှေစက်တော်ဘုရား အထက်ခြေတော်ရာ တောင်ခြေ မန်းချောင်းနံဘေးရှိ ပုသိမ်၊ မုံရွာတိုက်တွင် ယနေ့ ညနေ ၃ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ယခုမီးလောင်တဲ့ ပုသိမ်၊ မုံရွာတိုက်ဟာ ရွှေစက်တော်တည်းခို ဆောင်တွေ အတွင်းမှာရှိတဲ့ တည်းခိုဆောင် မဟုတ်ပါဘူး။ ဒီတိုက်မှာ ၂ဝ၁၇ ခုနှစ် ဘုရားပွဲတော်မှာ ဘုရားဖူးတွေ တည်းခိုခဲ့ကြပေမယ့် ယခု ၂ဝ၁၈ ခုနှစ် ဘုရားပွဲတော် တည်းခိုဆောင် လုပ်ပိုင်ခွင့်ထဲ ပါဝင်ခြင်းမရှိလို့ ဘုရားဖူးတွေ တည်းခိုဆောင် မဟုတ်ပါဘူး။ ယခုမီးလောင်ရတဲ့ အကြောင်းရင်းတော့ မသိသေးရပါဘူး"ဟု မန်းရွှေစက်တော် ဘုရားဂေါပက အဖွဲ့ဝင်ဦးမြင့်သိန်း ကပြောပြသည်။

မီးလောင်မှုဖြစ်ပွားရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၅ဦး၊ တည်းခို နေထိုင်သူများ၊ ဈေးသည်များက မီးသတ်ယာဉ် နှစ်စီး၊ ဒိုက်ရှင်းရေစုပ်စက် သုံးလုံးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

"အဆောက်အအုံ မျက်နှာကြက်မှာရှိတဲ့ ဝိုင်ယာကြိုးက ပေါက်ပြီး ရှော့ခ်ဖြစ်တာကနေ မီးပွားတွေက အောက်မှာရှိတဲ့မွေ့ရာတေ၊ွ စောင်တွေပေါ်ကျပြီး မီးလောင်တာကို အချိန်မီငြှိမ်းသတ် နိုင်ခဲ့ကြပါတယ်"ဟု မင်းဘူးမြို့နယ် မီး သတ်ဦးစီး ဌာနဦးစီးမှူး ဦးထွန်းထွန်းက ပြောပြသည်။

အဆိုပါ မီးလောင်မှုကို မန်းရွှေစက်တော်ဘုရား ရဲကင်းတာဝန်ခံက စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...