Social Icons

Pages

Thursday, March 12, 2015

တစ်ဖက်နိုင်ငံသို့ ခိုးထုတ်မည့် ကျွန်းသစ်များနှင့် အတူ ယာဉ်များ ၊ သစ်ခွဲစက်များအား တပ်မတော်စစ်ကြောင်း များက နယ်မြေရှင်းလင်း၍ ဖော်ထုတ်ဖမ်းဆီး


တပ်မတော်စစ်ကြောင်းများက သိမ်းဆည်းရမိသည့် သစ်ခွဲစက်နှင့် သစ်များကို တွေ့ရစဉ်



နေပြည်တော် ၊ ၁၂-၃-၂၀၁၅

တပ်မတော်သည် အဓိက လုပ်ငန်းတာဝန် ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့် ကြိုးပမ်း ထမ်းရွက်လျက် ရှိသည့်အပြင် မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေး လုပ်ငန်းများ နှင့် နိုင်ငံတော်၏ သယံဇာတ များအား တရားမ၀င် ခိုးထုတ်နေမှု များကိုလည်း ဌာနဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ဖော်ထုတ် ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ပူးပေါင်း ဆောင်ရွက်လျက် ရှိရာ နိုင်ငံတော်၏ သယံဇာတ တစ်မျိုးဖြစ်သော ကျွန်းသစ် အပါအဝင် မြန်မာ့ အဖိုးတန်သစ် များအား နယ်စပ်ဒေသများမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် ခိုးထုတ်နေမှု များကို တပ်မတော် စစ်ကြောင်းများက သစ်တော ဦးစီးဌာနမှ တာဝန်ရှိ သူများနှင့် ပူးပေါင်း၍ ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့သည်။

တပ်မတော် စစ်ကြောင်းများက ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် ၁ဝ ရက်ထိ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် နှင့် ရှမ်းပြည်နယ်၊ မံစီမြို့နယ် အတွင်းရှိ စီခမ်းကြီး ဒေသ၌ နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်ခဲ့ရာ တစ်ဖက်နိုင်ငံသို့ တရားမဝင် ခိုးထုတ်ရန် ပြင်ဆင် ထားရှိသော သစ်များအား ၁၈ ကြိမ် ဖမ်းဆီး ရမိခဲ့ပြီး စုစုပေါင်း တရုတ် အမျိုးသား တစ်ဦး၊ လုပ်ဒါယာဉ် သုံးစီး၊ ဘတ်ဟိုးယာဉ် တစ်စီး၊ ကရိန်းယာဉ် တစ်စီး၊ သစ်တင်ယာဉ် ၁၂ စီး၊ သစ်ဆွဲယာဉ် နှစ်စီး၊ ယာဉ်ငယ် ငါးစီး၊ သစ်ခွဲစက် ခုနစ်လုံး၊ အင်ဂျင်စက် ခုနစ်လုံး၊ ကျွန်းသစ် ၃ဝ၈ ဒသမ ၆၇၁ တန်နှင့် ကျွန်းသစ်လုံး ၁၂၁၈ လုံး၊ ပိတောက် ၈ တန်နှင့် ပိတောက်သစ်လုံး ၃ဝ လုံး၊ တမလန်း ၉ ဒသမ ၂၂၂ တန်တို့ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် အတွင်း နယ်မြေရှင်းလင်း စဉ် တစ်ဖက်နိုင်ငံသို့ တရားမဝင် ခိုးထုတ်မည့် သစ်လုံးများအား ၇ ကြိမ် သိမ်းဆည်း ရမိခဲ့ပြီး စုစုပေါင်း ကျွန်းသစ်လုံး ၈ဝ၂ လုံး (၃၃၃ ဒသမ ၈၂၈ တန်)၊ ပိတောက်သစ်လုံး နှစ်လုံး (၁ ဒသမ ၉၁၆ တန်) နှင့် တမလန်း သစ်လုံး ရှစ်လုံး (သုည ဒသမ ၅၅၂ တန်) တို့ ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ ရှမ်းပြည်နယ် မံစီမြို့နယ်နှင့် မဘိမ်းမြို့နယ် များအတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် စုစုပေါင်း ၂၅ ကြိမ် ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်း ရရှိမှု အနေဖြင့် တရုတ်အမျိုးသား တစ်ဦး၊ ယာဉ်မျိုးစုံ ၂၄ စီး၊ သစ်ခွဲစက်နှင့် အင်ဂျင်စက် ၁၄လုံး၊ ကျွန်းသစ် ၆၄၂ ဒသမ ၄၉၉ တန်နှင့်ကျွန်းသစ်လုံး ၁၂၁၈ လုံး၊ ပိတောက် ၉ ဒသမ ၆ တန်နှင့် ပိတောက်သစ်လုံး ၃ဝ လုံး၊ တမလန်း ၉ ဒသမ ၇၇ တန် တို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဒေသများ အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မြန်မာ့အဖိုးတန် သစ်များအား တစ်ဖက်နိုင်ငံ သို့ ခိုးထုတ် ရောင်းချကာ ရရှိသည့် ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်း ဝယ်ယူဖြည့်တင်း မှုများ ပြုလုပ် ဆောင်ရွက်၍ နိုင်ငံ တည်ငြိမ်မှုကို ပျက်ယွင်းအောင် ကြံဆောင် နေကြောင်း သိရှိရသဖြင့် တပ်မတော် အနေနှင့် နိုင်ငံတော်၏ သဘာဝ သယံဇာတ များကို မသမာသူများမှ တရားမဝင်ခိုး ထုတ်မှုများ မရှိစေရေး ဌာနဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်း၍ ဆက်လက် နယ်မြေ ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။






#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...