Social Icons

Pages

Wednesday, January 17, 2018

ကံမမြို့နယ် ကြံခင်း-ပခုက္ကူ ရထားလမ်း (ကံမ) လမ်းပိုင်း ဖောက်လုပ်ရာတွင်ပါဝင်သည့် မြေယာ လျော်ကြေးငွေများ ဘဏ္ဍာငွေရရှိပါက ပေးလျော်သွားမည်ဟုဆို



မကွေး ၁၇-၁-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်အတွင်းရှိ ကြံခင်း-ပခုက္ကူ ရထားလမ်း (ကံမ) လမ်းပိုင်း မြေယာလျော်ကြေးငွေများကို ဘဏ္ဍာငွေရရှိပါက ပေးလျော်သွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး၏ ပြောပြချက်အရ သိရသည်။

ကံမမြို့နယ်အတွင်း ကြံခင်း-ပခုက္ကူ ရထားလမ်းပိုင်းဖြတ်သန်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် ကျေးရွာအုပ်စု ၁၅အုပ်စုအတွက် မြေဧရိယာ ၄၆ဝဒသမ ၃၇ဧက၊ လျော်ကြေးငွေကျပ် ၇၄၅ဒသမ၂၂၅သန်းဖြစ်ကြောင်း၊ အဆိုပါလျော်ကြေးငွေ ပေးချေနိုင်ရေးအတွက် တိုင်းဒေသကြီး မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ မှတစ်ဆင့်စာအမှတ် (၇)ထွေ/မြေ/သိမ်းဆည်း/၁၄၆ဖြင့် အတည်ပြုချက် ရရှိရန်တင်ပြခဲ့ရာ ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ၁၄ရက်တွင် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်ပေးပို့ထားကြောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ အတည်ပြုချက်ရရှိပါက မြန်မာ့မီးရထား (ရုံးချုပ်) အထွေထွေမန်နေဂျာ (မြို့ပြ) ထံ ဘဏ္ဍာငွေတင်ပြတောင်းခံ သွားပြီး ဘဏ္ဍာငွေရရှိပါက ပေးလျော်သွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးက ပြောပြသည်။

ကြံခင်း-ပခုက္ကူ ရထားလမ်းပိုင်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်က လျော်ကြေးငွေ စတင်ပေးလျော်ခဲ့ရာ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် မြေဧရိယာ ၁၁၈၄ ဒသမ ၃ ဧကအတွက် လယ်ယာမြေလျော်ကြေးငွေ စုစုပေါင်းငွေကျပ် ၂၃၉၅ဒသမ၇၇၇၅ သန်းပေးလျော်ခဲ့ပြီး ထပ်မံပေးလျော်ရန် မြေဧရိယာ ၁၆၆ဝ ဒသမ၂၈ဧက၊ လျော်ကြေးငွေကျပ် ၂၉ဝ၉ဒသမ ၈၄၁၅သန်း ကျန်ရှိနေသေးကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...