Social Icons

Pages

Monday, January 22, 2018

မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာတော်အပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ မြန်မာ-ထိုင်းချစ်ကြည်ရေး သံဃာတော်အပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပစဉ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ မြန်မာထိုင်းချစ်ကြည်ရေး သံဃာတော်အပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပစဉ်။

နေပြည်တော် ၂၂-၁-၂ဝ၁၈

မြန်မာ-ထိုင်းချစ်ကြည်ရေး သံဃာတော်အပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် လေယာဉ်ကွင်း၌ ပြုလုပ်ရာ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသနှင့် မန္တလေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌမစိုးရိမ်ကျောင်းတိုက်၊ ပါဠိနယူပဒေသ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိ စိတ္တာဘိဝံသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗန်းမော်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက်၏ နာယကဆရာတော် လုံဖောဓမ္မချိုင်ယို၏ အသံဖိုင်တရားတော် အားနာယူကြကာ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပါဠိနယူပဒေသကျောင်း တိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြသည်။ ထို့နောက်တိုင်းမှူးနှင့် ဧည့်ပရိသတ် အပေါင်းတို့သည် သံဃာတော်အပါး ၂ဝဝဝဝ ကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...