Social Icons

Pages

Thursday, January 18, 2018

ကော့မှူးမြို့နယ်ရှိ တောင်သူများကို နိုင်ငံတကာနည်းပညာဖြင့် ထုတ်လုပ်သော လယ်ယာသုံးစက်ပစ္စည်းများ လက်တွေ့ပြသ မိတ်ဆက်



ကော့မှူး ၁၈-၁-၂ဝ၁၈ 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ တောင်သူများအတွက် နိုင်ငံတကာ နည်းပညာဖြင့် ထုတ်လုပ်သော လယ်ယာသုံး စက်ပစ္စည်းများ သရုပ်ပြပွဲကို ယမန်နေ့ကကော့မှူးမြို့နယ် ဝါးဘလောက်သောက် ကျေးရွာ၌ ကျင်းပသည်။

''အဓိကက ကော့မှူးမြို့နယ်နဲ့ ဝန်းကျင်ဒေသက လယ်ယာစိုက်ပျိုးနေတဲ့ တောင်သူတွေကို နိုင်ငံတကာနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Deuch - Fahrနဲ့ Matador Brand လယ်ယာသုံး စက်ပစ္စည်းတွေရဲ့ စွမ်းဆောင်ရည် တွေကို သိရှိနိုင်ဖို့နဲ့ သူတို့အနေနဲ့ စက်ပစ္စည်းတွေရဲ့ စွမ်းဆောင်ရည်ကိုသိပြီး ဘယ်စက်ပစ္စည်းကို ရွေးချယ်ရမယ် ဆိုတာသိရှိအောင် လက်တွေ့ပြသ မိတ်ဆက်တာပါ'' ဟု UMG မှ Assistant Branch Office Head မသိမ့်ဧပရယ်ထွန်းက ပြောသည်။

အဆိုပါသရုပ်ပြပွဲကို UMG Group of Companies ၏ Yangon Branch မှ တာဝန်ယူကျင်းပ ခြင်းဖြစ်ပြီး ပြပွဲတွင် ဂျာမနီနည်းပညာဖြင့် ထုတ်လုပ်သော Deuch- Fahr လက်တွန်းထွန်စက်နှင့် စပိန်နည်းပညာဖြင့် ထုတ်လုပ် သော Matador လက်တွန်းထွန်စက်များ၏ စွမ်းဆောင်ရည်များကို တာဝန်ရှိသူများက လက်တွေ့သရုပ်ပြသကြောင်း သိရသည်။

ထို့ပြင် အမေရိကန်ထုတ် Organic fertilizer အမျိုးအစား စိုက်ပျိုးရေး ဆေးပစ္စည်းအမျိုးမျိုး၊ သဘာဝမြေသြဇာ၊ စက်ဆီ၊ ချောဆီနှင့် စားသောက်ကုန် အမျိုးမျိုးခင်းကျင်း ပြသထားသည်။

သရုပ်ပြပွဲသို့ စက်မှုလယ်ယာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကော့မှူးမြို့နယ် ကျေးရွာများမှ တောင်သူဦးရေ ၃ဝဝ ကျော်လာရောက်လေ့လာ ကြကြောင်း သိရသည်။ တောင်သူများအနေဖြင့် လယ်ယာသုံးစက် ပစ္စည်းများကို ဝယ်ယူလိုပါက တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ကနဦးပေးချေရမည် ဖြစ်ပြီးကျန်ငွေကို ခြောက်လ သို့မဟုတ် တစ်နှစ်အရစ်ကျ စနစ်ဖြင့် ပေးချေဝယ်ယူ နိုင်ကြောင်း သိရသည်။

လယ်ယာသုံး စက်ပစ္စည်းများ လက်တွေ့သရုပ်ပြပွဲများကို မုံရွာနှင့် ပုသိမ်မြို့တို့၌ ကျင်းပပြီးဖြစ်၍ ဇန်နဝါရီ ၂၇ ရက်တွင် ပေါက်ခေါင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...