Social Icons

Pages

Tuesday, December 12, 2017

စွန့်ပစ် ထန်းအူများမှ အိမ်သုံး Decorations ထုတ်လုပ်အောင်မြင် ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်သွားမည်



ပခုက္ကူ ၁၂-၁၂-၂၀၁၇

ပခုက္ကူစက်မှုဇုန် သစ်အချောထည် စက်ရုံမှ ထန်းနှင့်ပတ်သက်သည့် ကုန်ကြမ်းများ အလေအလွင့် မဖြစ်စေရေး အဆင့်မြင့် လူသုံးကုန်အဖြစ် တီထွင်ဖန်တီးရန် ပြည်တွင်း၊ ပြည်ပ စီးပွားရေးပညာရှင်များနှင့် ချိတ်ဆက်၍ စမ်းသပ်တီထွင် ဖန်တီးလျက်ရှိရာ ယခုအခါ ပရိဘောဂ အမျိုးအစားပေါင်း ရာဂဏန်းခန့် အောင်မြင်နေပြီဖြစ်ပြီး ၎င်းတို့အနက် မြန်မာနိုင်ငံတစ်ဝန်းတွင် အမှိုက် အဖြစ်စွန့်ပစ်ခြင်း ခံထားရသည့် ထန်းအူများကိုလည်း အိမ်သုံး Decorations တီထွင်ထုတ်လုပ်မှု အောင်မြင် ထားပြီးဖြစ်သဖြင့် ယခုလ စတုတ္ထပတ်တွင် ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပခုက္ကူစက်မှုဇုန် 3 SEASONS FURNITURE သစ်အချောထည် စက်ရုံမှ မန်နေဂျာ ဦးဆန်းဝင်းက ပြောပြသည်။

"ထန်းအူကနေ အိမ်သုံး Decorations တီထွင်ခဲ့တာဟာ ၂ဝ၁၆ခုနှစ် သြဂုတ်လပိုင်းကတည်းက စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ထုတ်လုပ် မှုအောင်မြင်ခဲ့သလို လက်ရာမြင်ဖူးသူ တိုင်းကလဲ နှစ်သက်ကြပါတယ်။ အထူးသဖြင့် ကိုရီးယားနိုင်ငံက သူတို့ဆီက အလှဆင်တန်ဆာနဲ့ ဒီလက်ရာတွေဟာ လိုက်ဖက်ညီတဲ့အတွက် ပိုပြီး နှစ်သက်ကြပါတယ်။ သူတို့ကိုယ်တိုင်လဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်းလောက်က လာရောက်ပြီး အလှဆင်ပရိဘောဂ ကုန်ချောတွေကို ကြည့်ရှုစစ်ဆေး သွားပါပြီ။

ကိုရီးယားနိုင်ငံကို ရောင်းချနိုင်ဖို့လဲ ကြိုးစားဆောင်ရွက် သွားမှာပါ။ ဒါကြောင့် အခုလကုန်ပိုင်းလောက်မှာ စီးပွားရေး ပညာရှင်တွေ၊ နည်းပညာရှင်တွေနဲ့ ချိတ်ဆက်သွားမှာပါ" ဟု ၎င်းကဆက်လက် ပြောပြသည်။

အဆိုပါ အလှဆင်ကုန်ချောထည်သည် ပြည်တွင်း၌ လူသိနည်းသော်လည်း အမှန်တကယ် သဘာဝစစ်စစ် အရည်အသွေးကောင်းပြီး လှပခိုင်ခန့်မှုကို ကြိုက်နှစ်သက်သူများက ဟိုတယ်၊ တည်းခိုခန်း၊ အိမ်၊ရုံးခန်းများတွင် အလှဆင်လိုကြောင်း၊ ၎င်းကုန်ချောများစွာအနက် ကိုရီးယားနိုင်ငံသို့ ပန်းအိုး၊ ပန်းခက်၊ ဧည့်ခန်းနောက်ခံ အလှဆင်ပန်းခက်များကို အဓိကထား တင်ပို့ရန်စီစဉ်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...