Social Icons

Pages

Thursday, December 7, 2017

ပြည်တွင်း၌ အရည်အချင်းရှိသော ပင်လယ်ကူးသင်္ဘောသားများ ပေါ်ထွက်လာစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန်စီစဉ်



ရန်ကုန် ၇-၁၂-၂၀၁၇

အရည်အချင်းရှိသော မြန်မာနိုင်ငံသား ပင်လယ်ကူးသင်္ဘောသားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ Workshop & Panel Discussion ကို ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၌ ကျင်းပရန်စီစဉ် လျက်ရှိကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းသားဟောင်းများက ဦးစီးကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းရှိ သင်္ဘောသားနှင့် သက်ဆိုင်သော အဖွဲ့အစည်းတချို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်။ Workshop & Panel Discussion ကို ကုန်သွယ်ရေကြောင်း ကောလိပ်မှ ကျောင်းသားဟောင်းများ၊ ပြည်တွင်းရှိ သင်္ဘောသားနှင့် သက်ဆိုင်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သင်္ဘောသားအလုပ် အကိုင်ရှာဖွေ ရေး ဝန်ဆောင်မှုလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် သင်္ဘောသားလုပ်ငန်း ကဏ္ဍကို စိတ်ဝင်စားသူများ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။

''ဒီပွဲကို မည်သူမဆို အခမဲ့တက်ရောက် ဆွေးနွေးနိုင်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ သင်္ဘောသားကောင်းတွေ ပေါ်ထွက်လာဖို့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ၊ သင်္ဘောသားတွေ လိုက်ပါလုပ်ဆောင်ရမယ့် အစီအစဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့ သင်္ဘောသား လုပ်ငန်းကဏ္ဍနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်မယ့် အကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေး ပေးမှာပါ'' ဟုမြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၏ ကျောင်းသား ဟောင်းများအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း-ဝ၉-၂၅၄၃၁၆၆၁၄ သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...