Social Icons

Pages

Wednesday, October 11, 2017

မန္တလေး ချမ်းမြရွှေပြည်(ကျွဲဆည်ကန်) ယာဉ်ရပ်နားစခန်းကို နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်းအဖြစ် ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်


မန္တလေး ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ယာဉ်ရပ်နားစခန်းကို တွေ့ရစဉ်။

မန္တလေး ၁၁-၁၀-၂၀၁၇

မန္တလေး ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ယာဉ်ရပ်နားစခန်းကို နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်းအဖြစ် ၂ဝ၂ဝပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် ရေးထိုးခြင်းကို ယနေ့ညနေ ၃ နာရီက မန္တလေးမြို့တော် စည်ပင်သာယာခန်းမ၌ စည်ပင်သာယာအဖွဲ့နှင့် M-development Corporation (Myanmar) Co.,Ltd တို့ လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ၂ဝ၂ဝပြည့်နှစ်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး နိုင်ငံတကာလေဆိပ်ကဲ့သို့ အဆင့်မီခရီးသည် နားနေခန်းများ၊ လက်မှတ်အရောင်း ကောင်တာများ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်ခြင်းကို အမေရိကန်ဒေါ်လာ သန်း ၁၅ဝ ရင်းနှီးတည်ဆောက် သွားမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း အပြီးတည်ဆောက်သွားရန် ကုမ္ပဏီဘက်က သဘောတူညီထားကြောင်း သိရသည်။

ယာဉ်ရပ်နားစခန်း စီမံကိန်းသည် နောင်အခါတွင် မန္တလေးမြို့အတွက် အထင်ကရနေရာ တစ်ခုဖြစ်လာမည်ဖြစ်ကာ တည်ဆောက်ဆဲ ကာလတွင် မူလဆိုင်ခန်းရှင်များ၊ ကားဂိတ်ပိုင်ရှင်များအတွက် အခက်အခဲ အချို့ရှိနိုင် သော်လည်း စည်ပင်သာယာရေး ကော်မတီက အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

တည်ဆောက်ရေး လုပ်ငန်းများကို စည်ပင်သာယာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တည်ဆောက်သွားရန် ကုမ္ပဏီကလုပ်ဆောင်သွားမည်ဟု သဘောတူညီထားကြောင်း သိရသည်။

ယနေ့ပြုလုပ်သော လက်မှတ်ရေးထိုးခြင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနှင့် ကုမ္ပဏီဘက်မှ MD ဦးသောင်းထိုက်လင်းတို့က လက်မှတ်ရေးထိုးခဲ့ကြ
ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...