Social Icons

Pages

Tuesday, August 8, 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းအပြင် တခြားဆိပ်ကမ်းများမှပါ တင်ပို့မည်



ရန်ကုန် ၈-၈-၂၀၁၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခုနှစ်အတွင်း ဆန်တန်ချိန် သုံးသိန်းတင်ပို့နိုင်ရန် ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်လျက်ရှိရာ ရန်ကုန်ဆိပ်ကမ်းအပြင် တခြားဆိပ်ကမ်းများမှပါ တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တို့အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးမှ ယခုလဆန်းပိုင်းတွင် လာရောက်ကမ်းလှမ်း ထားခြင်းဖြစ်သည်။ လက်ရှိတွင် MoU ရေးထိုးနိုင်ရန် ညှိနှိုင်းနေပြီး မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ဆန်ဖြူတန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ငါးသောင်းတင်ပို့ နိုင်ရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

''ရောင်းချတဲ့အခါ ရန်ကုန်ဆိပ်ကမ်းတစ်ခု တည်းကသာမကဘဲ ပုသိမ်ဆိပ်ကမ်း စစ်တွေဆိပ်ကမ်းတွေလို ဆန်တင်ပို့လို့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းအပြင် တခြားဆိပ်ကမ်းများမှပါ တင်ပို့မည်ဆိပ်ကမ်းတွေကနေ တင်ပို့လို့ရအောင် ညှိနှိုင်းနေပါတယ်''ဟု ဦးရဲမင်းအောင်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်ငါးဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ နိုင်ရေးအတွက် သြဂုတ် ၅ ရက်က အသေးစိတ်သွားရောက် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ရှစ်သိန်း တင်ပို့ထားရာ ၆ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ထားပြီး ၃ဝ ရာခိုင်နှုန်းမှာ အာဖရိကနိုင်ငံတို့သို့ တင်ပို့ထားကာ ၁ဝ ရာခိုင်နှုန်းမှာ ဥရောပနှင့် ဒေသတွင်း အာဆီယံနိုင်ငံတို့သို့ တင်ပို့ထားကြောင်း သိရသည်။

#Themywadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...