Social Icons

Pages

Thursday, August 3, 2017

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Eduardo E. Kapunan, Jr. အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃-၈-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး H.E. Mr. Eduardo E. Kapunan, Jr. အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Col. Vicente Mark Anthony p. Blanco III နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဖိလစ်ပိုင်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ်ဖွဲ့ စည်းနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လုပ်ဆောင်နေမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ် အကြားပိုမိုနီးကပ်စွာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံသမိုင်းကြောင်းနှင့် လက်ရှိရင်ဆိုင် နေရသည့် စိန်ခေါ်မှုများ တူညီသောကြောင့် တပ်မတော်နှစ်ရပ်အကြား အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များ၊ ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး တို့တွင် ထိရောက်စွာ လုပ်ဆောင်နေမှုအခြေအနေများ၊ အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ဆိုင်ရာ အတွေ့အကြုံဖလှယ်ရေး၊ တပ်မတော်နှစ်ရပ်အကြားချစ် ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေးနှင့် ကာကွယ်ရေးစွမ်းအား မြှင့်တင်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရန်ဖြစ်နိုင်ချေကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေး နွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က ဖိလစ်ပိုင် နိုင်ငံသံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...