Social Icons

Pages

Friday, August 4, 2017

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ခရီးသွားဇုန် ခြောက်ဇုန် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်နေ


စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသရှိ ပုထိုးတော်ကြီးကို တွေ့ရစဉ်။

နေပြည်တော် ၄-၈-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ခရီးသွားဇုန် ခြောက်ဇုန် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ သြဂုတ်၂ရက်က ထုတ်ပြန်သော သတင်းများအရ သိရသည်။

အဆိုပါ ခရီးသွားဇုန်များကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ပုဂ္ဂလိကကဏ္ဍနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက် နေခြင်းဖြစ်သည်။

အဆိုပါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခရီးသွားဇုန် ခြောက်ဇုန်တွင် ခရီးစဉ်အလိုက် တန်ခိုးကြီးဘုရား၊ ပုထိုး၊စေတီများ၊ ရှေးဟောင်း အဆောက်အအုံများ၊ စိတ်ဝင်စားဖွယ် လေ့လာနိုင်သည့် နေရာများ၊အမှတ်တရ ဒေသထွက်ပစ္စည်းများဖြင့် ခရီးစဉ်တိုင်းတွင် ခရီးသွားဧည့်သည်များ အတွက် စိတ်ဝင်စားမှု ဖြစ်စေမည် ဖြစ်သည်။ အဆိုပါ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ခရီသွားဇုန်များမှာ စစ်ကိုင်းဇုန်၊ မုံရွာဇုန်၊ရွှေဘိုဇုန်၊ ကသာဇုန်၊ ကလေးဇုန်နှင့်ခန္တီးဇုန်တို့ ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီးသည် မပျက်စီးသေးသော သဘာဝအခြေခံ တောတောင်များ၊ သာယာလှပသော ချင်းတွင်းမြစ်ရိုး တစ်လျှောက်ဒေသများ တည်ရှိခြင်း၊ မြို့နယ်တိုင်းတွင် အထင်ကရ တန်ခိုးကြီး ဘုရားများနှင့် ဘာသာရေး အဆောက်အအုံများ တည်ရှိခြင်း၊ ဒေသဓလေ့နှင့်အညီ အထင်ကရ ပွဲတော်ကြီးများ စည်ကားစွာ ဆောင်ရွက်ကြခြင်း၊ အစဉ်အလာရှိ ဒေသထွက်ကုန်များ တည်ရှိထိန်းသိမ်း ထားနိုင်ခြင်းနှင့် ဒေသခံလူမျိုးစုတို့၏ ပျူငှာဖော်ရွေ ရိုးသားမှုဓလေ့များ လေ့လာဖော်ထုတ် နိုင်ခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ကောင်းသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...