Social Icons

Pages

Friday, July 14, 2017

သတ်မှတ်လမ်းကြောင်း ပြင်ပထိ မောင်းနှင်သည့် YBS ယာဉ်၂၅စီးကို ပထမဆုံးအကြိမ်အဖြစ် CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းထား



နေပြည်တော် ၁၄-၇-၂၀၁၇

ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ သတ်မှတ်ထားသည့် လမ်းကြောင်း ဧရိယာပြင်ပထိ သွားရောက်မောင်း နှင်သည့် YBS ယာဉ် ၂၅စီးကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA) က ပထမဆုံးအကြိမ် အဖြစ် CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်း ထားသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ စွမ်းအင်ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး၏ ပြောပြချက်အရ သိရသည်။

''YBS ကားတွေမှာ သတ်မှတ်လမ်းကြောင်း ကနေအပြင်ကို ထွက်မယ်ဆိုရင် YRTA ကို ခွင့်တိုင်ပြီး ထွက်ရင်ရတယ်။ အခုအသိမပေးဘဲနဲ့ သူတို့သဘောနဲ့ သူတို့နေပြည်တော်ကို မောင်းသွားတာတို့၊ ချောင်းသာကို ရောက်သွား တာတို့ တွေဖြစ်နေလို့ မနေ့က ၂၅ စီးကို CNG ဝယ်ယူခွင့် ယာယီပိတ်ထားတာပါ။ ကားတွေအားလုံးမှ GPS တပ်ထားပါတယ်။ ဒါကြောင့် ကားတွေဘယ်ကို ရောက်နေတယ် ဆိုတာသိရပါတယ်။ ယာယီ ဆိုပေမယ့် ရက်ကို တော့အတိအကျ မသိပါဘူး''ဟု ၎င်းကဆက်၍ ပြောပြသည်။

ထိုသို့ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် CNG အသုံးပြု မောင်းနှင်နေရသည့် YBS ယာဉ်များကို လောင်စာဖြတ်တောက်သည့် အနေဖြင့် CNG ဂက်စ်ဝယ်ယူခွင့် ပိတ်သိမ်းခြင်းသည် ထိရောက်သည့် ပြစ်ဒဏ်တစ်ခု ဖြစ်ကြောင်း၊ လောင်စာဝယ်ယူခွင့် ယာယီပိတ် သိမ်းထားသဖြင့် ယာဉ်လိုင်းပြေးဆွဲ၍ မရနိုင်ကြောင်း၊ အကယ်၍ CNG သုံး ခရီးသည်တင် မော်တော်ယာဉ်များကို အခြားလောင်စာဖြစ်သော ဒီဇယ်ဆီထည့်သွင်း၍ ပြောင်းလဲ မောင်းနှင်မည် ဆိုပါက ဘတ်စကား၏ အင်ဂျင်ပိုင်းကို ပြန်လည်ပြုပြင်ရမည်ဖြစ်ပြီး ဘက်စကား တစ်စီးအတွက် ပြုပြင်ကုန်ကျစရိတ်မှာ ခေတ်ကာလ ငွေကြေးအရ အနည်းဆုံး ငွေကျပ်သိန်း၎ဝ၊ ၅ဝခန့်ကုန်ကျမည် ဖြစ်သည်ဟု အထွေထွေ မန်နေဂျာဦးလှဝင်းဌေးက ပြောပြသည်။

''သူတို့ကို အခြားအပြစ်ပေးတာ မျိုးလဲရှိပါတယ်။ ဥပမာလမ်းပြောင်းပြန် မောင်းတယ်ဆိုရင် လိုင်စင် ပိတ်သိမ်းတာတို့၊ ကားကိုလုပ်ငန်းလုပ် ကိုင်ခွင့်ပိတ်သိမ်းတာတို့ ဒါတွေလဲလက်ရှိ အရေးယူနေတာတွေ ရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...