Social Icons

Pages

Friday, July 14, 2017

ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် လက်ဖက်ရောင်းချသူများ ဆိုးဆေးပါ မပါစစ်ဆေးနိုင်ရန် နည်းပညာနှင့် ပစ္စည်းများ FDA မှ ပံ့ပိုးပေးမည်



ရန်ကုန် ၁၄-၇-၂၀၁၇

ပြည်တွင်းရှိ ကိုယ်ပိုင်အမှတ် တံဆိပ်ဖြင့် လက်ဖက်ရောင်းချ သူများအား ဆိုးဆေးပါ၊ မပါ ကိုယ်တိုင်စစ်ဆေး သိရှိနိုင်ရန် စစ်ဆေးသည့် နည်းပညာနှင့် ပစ္စည်းများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ဖက်များတွင် တားမြစ်ထားသည့် အဝါရောင် ဆိုးဆေးများ အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ယင်းဆိုးဆေးကို ချက်ချင်းစစ်ဆေး သိရှိနိုင်သည့် စက်များနှင့် နည်းပညာများအား FDA မှ ပံ့ပိုးကူညီ ပေးမည် ဖြစ်သည်။

''လက်ဖက်မှာပါတဲ့ အဝါရောင်ဆိုးဆေးက စားသုံးလို့မရပါဘူး။ ဒါကြောင့် ဒါကိုစစ်ဆေးဖို့ စစ်ဆေးနည်းနဲ့ ပစ္စည်းကိရိယာ လိုချင်ကြတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချသူ တွေအတွက် အဓိက လိုအပ်ပါတယ်။ စစ်ဆေးနည်းသင်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ဘက်က နည်းပညာပိုင်းနဲ့ ပစ္စည်းပိုင်းကို ပံ့ပိုးပေးလို့ရပါတယ်''ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင် ကပြောသည်။

ထိုသို့စစ်ဆေးရာတွင် ချက်ချင်း အဖြေထွက်နိုင်မည့် Test Tube များဖြင့် စစ်ဆေးနိုင်မည် ဖြစ်ပြီး စစ်ဆေးသည့်နည်းမှာ လွယ်ကူ၍ ရောင်းချသူများ ကိုယ်တိုင် စစ်ဆေးနိုင်ရန် နည်းပညာများကို ပြသကာ စက်များအား ရောင်းချပေးမည် ဖြစ်သည့်အပြင် အမှတ်တံဆိပ် ကပ်ကာ Test Tube မှ ထောက်ခံချက် ပေးအပ်ပြီး ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...