Social Icons

Pages

Friday, July 14, 2017

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး ခေါင်းချင်းဆိုင်တိုက်မိ၍ သုံးဦးသေဆုံး၊ ၃၂ ဦး ဒဏ်ရာရရှိ



ကျိုက်ထို ၁၄-၇-၂၀၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာအနီး ရန်ကုန်မော်လမြိုင် ကားလမ်းပေါ်တွင် ဇူလိုင် ၁၂ ရက် ည၁ဝနာရီခန့်က ခရီးသည်တင် မှန်လုံယာဉ်နှစ်စီး ခေါင်းချင်းဆိုင်တိုက်မိ၍ လူသုံးဦး သေဆုံးပြီး ၃၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ဇင်ကြီးမောင်းနှင်လာသော ရွှေပျံလွှား ခရီးသည်တင် မှန်လုံယာဉ်နှင့် မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ရာဇာအောင်ခရီးသည် တင်မှန်လုံယာဉ် တို့သည်ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၁၁/ ၄)နှင့် (၁၁၁ /၅)ကြားတွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ရွှေပျံလွှား ခရီးသည်တင်ယာဉ်မောင်း ဇင်ကြီး၊ ရာဇာအောင်ခရီးသည် တင်ယာဉ်မှ ယာဉ်နောက်လိုက်နှင့် ယာဉ်နောက်လိုက် အနီးရှိထိုင်ခုံတွင် လိုက်ပါလာသော ခရီးသည်အပါအဝင် သုံးဦးသေဆုံးကာယာဉ် နှစ်စီးပေါ်ပါ ခရီးသည်၃၂ဦး ဒဏ်ရာရရှိခဲ့ပြီး ရာဇာအောင် ယာဉ်မောင်းမှာ ထွက်ပြေးနေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း နှစ်ဦးကို ကျိုက်ထိုမြို့မရဲစခန်းက ယာဉ်(ပ)၈၃/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၇၉/ ၃၃၇/ ၃၃၈/ ၃ဝ၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...