Social Icons

Pages

Wednesday, July 26, 2017

တရုတ်နိုင်ငံ ချန်ကင်းမြို့ အပြည်ပြည်ဆိုင်ရာ သိပံ္ပပြိုင်ပွဲတွင် မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းခွဲမှ ဆုလေးဆုရရှိ



မန္တလေး ၂၆-၇-၂၀၁၇

ကမ္ဘာလုံးဆိုင်ရာ သဘာဝသမိုင်းများနေ့ (Global Natural History Day) အထိမ်းအမှတ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ကင်းမြို့တွင် ဇူလိုင် ၁၉ရက်မှ ၂၅ရက်ထိ ကျင်းပသော အပြည်ပြည်ဆိုင်ရာ သိပံ္ပပြိုင်ပွဲတွင် မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး အခြေခံပညာ အထက်တန်းကျောင်းခွဲမှ နှစ်ဦးစီ ပါဝင်သော အဖွဲ့လေးဖွဲ့က ရွှေနှစ်ဆု၊ ငွေတစ်ဆုနှင့် ကြေးတစ်ဆု စုစုပေါင်း ဆုလေးဆုရရှိခဲ့ကြောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တနာယက က မြွက်ကြား၍ သိရသည်။

အပြည်ပြည်ဆိုင်ရာ သိပံ္ပပြိုင်ပွဲကို နိုင်ငံပေါင်း ၁၆နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း လေးနိုင်ငံပျက်ကွက် သောကြောင့် နိုင်ငံ ၁၂နိုင်ငံမှ အသင်းပေါင်း ၄၄၅သင်း ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။ ဖောင်တော်ဦးကျောင်း မှနှစ်ဦးစီ ပါဝင်သောအဖွဲ့လေးဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အဖွဲ့လေးဖွဲ့လုံး ဆုရရှိခဲ့ကြောင်း သိရသည်။

ပါဝင်သောယှဉ်ပြိုင်သော နိုင်ငံများမှာ အမေရိကန်၊ မြန်မာ၊ ဗီယက်နမ်၊ကမ္ဘောဒီးယား၊ လာအို၊ တန်ဇန်နီးယား၊ တရုတ်၊ မလေးရှား၊ထိုင်း၊ တောင်အာဖရိကစသည့် နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် သဘာဝသိပံ္ပဆိုင်ရာ ကမ္ဘာပေါ်ရှိ သက်ရှိမျိုးစိတ်များ၊ အား ချစ်မြတ်နိုး တတ်စေရန်၊ ရှာဖွေဖော်ထုတ် တတ်စေရန်နှင့် နိုင်ငံအချင်းချင်း ဗဟုသုတဖလှယ်သော အစီအစဉ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

''ပြိုင်ပွဲမှာ ကျွန်မတို့က မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့် နှစ်သင်းစီနဲ့ လေးသင်းမှာ နဝမတန်းကျောင်းသား အောင်မိုးလင်းနှင့်သစ်ကို အတွဲ၊ ဆဋ္ဌမတန်း ကျောင်းသူ ရွှန်းလဲ့သဒ္ဒါနှင့်ယွန်းဝသန်အောင် အတွဲတို့က ပထမဆုရွှေတံဆိပ်တစ်ခုစီနဲ့ စုစုပေါင်း ရွှေနှစ်ဆု၊ ဆဋ္ဌမတန်းကျောင်းသား နေလင်းဇင်နှင့် အဋ္ဌမတန်းကျောင်းသူ ခင်သီရိမြတ်အတွဲက ငွေတစ်ဆုနဲ့ အဋ္ဌမတန်းကျောင်းသူ နော်ထူးလီစာစိုးနဲ့ နဝမတန်းကျောင်းသူ လွင်ကြာဖြူသင်း အတွဲက ကြေးတစ်ဆုအသီးသီး ရရှိခဲ့ပါတယ်'' ဟု အုပ်စုခေါင်းဆောင်ဆရာမ ဒေါ်မိုက်ကယ်သီရိထွန်းက ပြောပြ၍ သိရသည်။

#yadnarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...