Social Icons

Pages

Tuesday, July 18, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနှင့်ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး
ဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနှင့်ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက်နိုင်
ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီး Mr. Joseph Y.Yun အား လက်ခံတွေ့ဆုံစဉ်။


နေပြည်တော် ၁၈-၇-၂၀၁၇

မိမိ၏ယုံကြည်ချက်မှာ တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်ရန်သာ ဖြစ်ပြီး သူတစ်ပါးအား ဒုက္ခပေးရန် မဟုတ်ကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် အိမ်နီးချင်း နိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများ၏ တပ်မတော် အားလုံးနှင့် ချစ်ကြည်ရင်းနှီးရေး ကြိုးစားလုပ်ဆောင် နေကြောင်း၊ မိမိတို့တွင် မိတ်ဆွေနိုင်ငံများ သာရှိပြီး ရန်သူနိုင်ငံမရှိကြောင်း၊ မြန်မာ-အမေရိကန် ဆက်ဆံရေး ကောင်းမွန်ရေး ဆွေးနွေးမှုအားလည်း ကြိုဆိုပါ ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အမေရိကန် ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီး Mr. Joseph Y. Yun အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှတပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Joseph Y. Yun နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံ အမတ်ကြီး H.E. Mr. Scot Marciel နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဧည့်သည်တော်ဝန်ကြီးနှင့် အဖွဲ့ဝင်များမှ ကိုရီးယားကျွန်းဆွယ်အရေး၊ အာရှပစိဖိတ် ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေး၊ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမိုမြှင့်တင်ရေး တို့အားဆွေးနွေးရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကိုရီးယားကျွန်းဆွယ်အား နျူကလီးယားကင်းမဲ့ဇုံ ဖြစ်စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း လက်နက်ကိုင် ပဋိပက္ခများရှိ၍ အဖြစ်နိုင်ဆုံး လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ တပ်မတော်များနှင့်လည်း ချစ်ကြည်ရင်းနှီးလိုသည့် ဆန္ဒရှိကြောင်းဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...