Social Icons

Pages

Monday, July 10, 2017

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တရားမဝင် ပိတောက်ခွဲသားများနှင့် အတူပြစ်မှုကျူးလွန်သူ ၂၁ ဦးနှင့်နွားအရှဉ်း ၂ဝ ဖမ်းဆီးရမိ



ယင်းမာပင် ၁၀-၇-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဝန်ထမ်းများနှင့် ယင်းမာပင် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်တင်မောင်လတ် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တရားမဝင်သစ်များ ခိုးထုတ်ခြင်း၊ ခုတ်လှဲခြင်း၊ သယ်ယူရောင်းချခြင်းများကို အရှိန်အဟုန်မြှင့် ရှာဖွေဖမ်းဆီးလျက်ရှိရာ ဇူလိုင် ၈ရက် နံနက် ၂ နာရီမိနစ် ၃ဝက ဥယျာဉ်ဧရိယာ အတွင်း၌ ပြစ်မှု ကျူးလွန်သူ ၂၁ ဦး၊ နွားအရှဉ်း၂ဝ၊ တရားမဝင် ပိတောက်ခွဲသား အချောင်း ၂ဝ(၃ဒသမ၁၆၂၄တန်)၊ ထမ်းပိုးတုံး အတုံး၂ဝနှင့် မနီလာ သစ်ဆွဲကြိုးအချောင်း ၂ဝတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားမဝင် ပိတောက်ခွဲသား အချောင်း၂ဝ (၃ဒသမ၁၆၂၄တန်) ကို ဥယျာဉ်အတွင်းရှိ ကိုးမိုင် ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်း လက်ခံထားရှိပြီး ပြစ်မှုကျူးလွန်သူ ၂၁ ဦး၊ နွားအရှဉ်း၂ဝနှင့် ဆက်စပ်ပစ္စည်းများကို ကနီမြို့မရဲစခန်းသို့ တာဝန်ရှိသူများက ကားများဖြင့် သယ်ယူကာ ကနီမြို့နယ်သစ်တော ဦးစီးဌာနနှင့်ဆက်သွယ် အပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...