Social Icons

Pages

Monday, July 24, 2017

သထုံမြို့တွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး လူဦးရေ ၁ဝဝခန့် လမ်းလျှောက် ဆန္ဒထုတ်ဖော်



သထုံ ၂၄-၇-၂၀၁၇

မွန်ပြည်နယ် သထုံမြို့တွင် သိမ်းဆည်းလယ်ယာမြေများ ပြန်လည်ရရှိရန်နှင့် တရားဥပဒေစိုးမိုးမှု ရှိစေရန် ယနေ့တွင် လူဦးရေ ၁ဝဝ ခန့်က ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

သထြုံမို့နယ် အတွင်းရှိကျေးရွာများတွင် သိမ်းဆည်းခံထားရသော လယ်ယာမြေများကို ပိုင်ရှင်ထံ လက်ဝယ်မရရှိ သေးသည့်အပြင် မြေပြန်လည်ရရှိအောင် ဆောင်ရွက်နေသော မူလမြေပိုင်ရှင်များနှင့် ဝိုင်းဝန်းဆောင်ရွက် ပေးသူများကို တရားစွဲဆိုထားမှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ကိုနေဝင်းထွန်းက ပြောပြသည်။

သိမ်းဆည်းခံ လယ်ယာမြေများ မူလပိုင်ရှင်များထံ မရောက်မချင်း၊ ဘက်လိုက်မှုကင်းပြီး တရားမျှတမှု မရမချင်း ဆန္ဒထုတ်ဖော်မှုနှင့် တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

သထုံမြို့နယ်အတွင်းရှိ အနန်းပင်၊ အင်းကွဲ၊ ညောင်ချောင်း၊ အင်းဝိုင်း၊မြတ်စံ၊ ပအိုဝ်းစု၊မြေနီကုန်းစသည့် ကျေးရွာများမှ လယ်ယာမြေဧက ၁၇၈ဝ ခန့်ကို ၁၉၉၇ ခုနှစ်မှ စတင်ကာ သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် သထုံမြို့နယ်အတွင်းရှိ လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် အနန်းပင်၊ အင်းဝိုင်း၊ အင်းကွဲ၊ညောင်ချောင်း၊ မြတ်စံ၊ ပအိုဝ်းစု၊ မြေနီကုန်းစသည့် ကျေးရွာများမှ ဒေသခံ ဦးရေ၁ဝဝခန့် ပါဝင်ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

''အန်တီအပါအဝင် ဆန္ဒပြခံရ တဲ့သူတွေကအမှားမရှိဘူး။ ဥပဒေ အတိုင်းဆောင်ရွက်ကြတာ။သူတို့မြေတွေ သူတို့ပိုင်ဆိုင်တယ်ဆိုရင် မြေယာကော်မတီကနေ တရားဥပဒေအတိုင်း ဆောင်ရွက်ပေါ့။တရားဥပဒေ အတိုင်းမှန်တဲ့ သူဘက်က နေရပ်တည်ပေးတာ။ အခုလိုဆန္ဒပြတဲ့ အပေါ်မှာလဲ ဘာမှတုံ့ပြန်ဖို့ အစီအစဉ်မရှိပါဘူး။ အချိန်က ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲဆိုတာ ပြောလာမှာပါ''ဟု သထုံမြို့နယ် မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောပြသည်။

ဆန္ဒထုတ်ဖော်ရာတွင် သိမ်းဆည်းခံ လယ်ယာပြန်လည်ရရှိရေး၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများတွင် ပြည်သူများ နစ်နာမှုမရှိရေး စုံစမ်းရေးကော်မရှင်က အမြန်ဆုံးဖြေရှင်းပေးရေး စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...