Social Icons

Pages

Monday, July 24, 2017

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် မိုးစပါး ၁ ၂၄၁ ဧက စိုက်ပျိုးပြီးစီး



မုံရွာ ၂၄-၇-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ယခုဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီ ဇူလိုင်လဒုတိယပတ်ထိ မိုးစပါး၁၈၂၄၁ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသည် တောင်စဉ်တောင်တန်းများ ပေါများပြီး စပါးစိုက်ပျိုးရေးကို လှေကားထစ်စိုက်ခင်း များအဖြစ် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယခုဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် မိုးစပါးဧက ၂၇၈၄ဝကို စိုက်ပျိုးရန်လျာထား လျက်ရှိကြောင်း သိရသည်။

''နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မိုးဥတုမှာ ပုံမှန်မိုးရွာသွန်းလို့ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်တယ်။ တောင်ယာ စိုက်ပျိုးနည်းနဲ့ လှေကားထစ် စိုက်ပျိုးနည်းတွေ စိုက်ပျိုးတာများတယ်။ ယခုလ ဒုတိယပတ် အတွင်းမှာ လျာထား ချက်ရဲ့ထက်ဝက်ကျော်ကို စိုက်ပျိုးပြီးစီးနေပါပြီ။ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက်လဲ လိုအပ်တဲ့ အကူအညီတွေကို သက်ဆိုင်ရာမြို့နယ် တွေမှာရှိတဲ့ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းတွေက လုပ်ဆောင်ပေးနေပါတယ်''ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယခုဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များဖြစ်သော လေရှီးမြို့နယ်အတွင်း ၄၈၈၅ ဧက၊ လဟယ်မြို့နယ်အတွင်း ၆၆ဝ၈ဧကနှင့် နန်းယွန်းမြို့နယ် အတွင်း၆၇၄၈ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...