Social Icons

Pages

Thursday, July 6, 2017

၏အင်းလေးကန် မတိမ်ကောစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး နှစ်ရှည်ပင်များကို အင်းလေးကန်ဝန်းကျင်တွင် ဒေသအလိုက် စိုက်ပျိုးမည်



ပင်လောင်း ၆-၇-၂၀၁၇

အင်းလေးကန် မတိမ်ကောစေရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများထိန်းသိမ်း နိုင်ရေးအတွက် နှစ်ရှည်ပင်များကို အင်းလေးကန်ဝန်းကျင်တွင် ဒေသအလိုက် ပထမဆုံးအကြိမ် စတင်စိုက်ပျိုးမည် ဖြစ်ကြောင်း ပင်လောင်းမြို့နယ် တောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့မှ သိရသည်။

လူမှုအကျိုးဖြစ်ထွန်းစေမည့် အစားထိုးသီးနှံပင်အဖြစ် နှစ်ရှည်ပင်များကို စိုက်ပျိုးထိန်းသိမ်း သွားမည်ဖြစ်ပြီး တောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့၊ အင်းတောင်သူကြီးများအသင်း၊ ပအိုဝ်းလူငယ်အဖွဲ့တို့က ဒေသခံများနှင့်ပူးပေါင်း၍ ဇူလိုင် ၁ဝရက်မှစတင်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့ ဦးစီးအဖွဲ့ခေါင်းဆောင် ကိုအောင်ဆန်းက ပြောပြသည်။

အင်းလေးကန် ဒေသဝန်းကျင်အနီးရှိ ညောင်ရွှေမြို့နယ် အနောက်ခြမ်းနှင့် ပင်လောင်းမြို့နယ် အနောက်မြောက်ခြမ်းတို့တွင် အရိပ်ရသစ်ပင်များနှင့် နှစ်ရှည်သီးနှံ ထောပတ်ပင် ၅၄၇ဝကို ဒေသအလိုက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အင်းလေးကန် မတိမ်ကောစေရေးနှင့် သဘာဝပတ်ဝန်းကျင် နှင့်သစ်တောများ ထိန်းသိမ်းနိုင်ရေး အတွက် နှစ်ရှည်ပင်များ စိုက်ပျိုးရာတွင် စေတနာရှင်၊အလှူရှင်များ အနေဖြင့် ထောပတ်ပင်(သို့မဟုတ်) အရိပ်ရသစ်ပင်များကို တစ်ပင်လျှင် ငွေကျပ် ၈ဝဝဖြင့် ကုသိုလ်ြပု ပါဝင်လှူဒါန်းနိုင်ပြီး လှူဒါန်းလိုသူများ အနေဖြင့် ပင်လောင်းမြို့နယ် တောင်ရိုးလူငယ် အထောက်အကြူပု အဖွဲ့ဦးစီးအဖွဲ့ခေါင်းဆောင် ကိုအောင်ဆန်း ဖုန်း ဝ၉-၄၂၂၅၁၇ဝ၅၃ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...