Social Icons

Pages

Thursday, June 22, 2017

သုံးဆယ်ပေးကျေးရွာ အနောက်ဘက်ရှိ ဧရာဝတီမြစ်ကမ်းတွင် သေဆုံးနေသည့် ဧရာဝတီလင်းပိုင်တစ်ကောင်တွေ့ရှိ



မတ္တရာ ၂၂-၆-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာ အနောက်ဘက်ရှိ ဧရာဝတီမြစ်ကမ်းတွင် အသက်(၃ဝ)အရွယ် အသက်ကြီးပိုင်း ဧရာဝတီလင်းပိုင် တစ်ကောင် သေဆုံးနေကြောင်း မတ္တရာမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါအသက်ကြီးပိုင်း လင်းပိုင်သေဆုံးနေသည်ကို ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ပြီး မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှတာဝန်ရှိသူများ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး မှတာဝန်ရှိသူများ နှင့်သားငှက် ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိမှုများအရ အသက်ကြီး၍ သေဆုံးမှုဟု ယူဆထားကြောင်း သိရသည်။

''ဒီဧရာဝတီလင်းပိုင်က အသက်(၃ဝ) ရှိနေပြီး အသက်ကြီးပိုင်း ရောက်နေပါပြီ။ သေဆုံးနေတဲ့လင်းပိုင်ကို ခွဲစိတ်ပြီးတော့ စစ်ဆေးလေ့လာ ကြည့်လိုက်တဲ့ အခါအစာအိမ်ထဲမှာ ငါးတစ်ကောင်ကို မြိုချထားတာကို တွေ့ရပါတယ်'' ဟု ၎င်းကဆက်လက် ပြောပြသည်။

ဧရာဝတီမြစ်ကမ်းတွင် သေဆုံးနေသည့် ဧရာဝတီလင်းပိုင်၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာ ဒဏ်ချက်မျှ မတွေ့ရှိရကြောင်း၊ သေဆုံးသွားသည့် လင်းပိုင်မှာ အထီးဖြစ်ပြီး အရှည်မှာခြောက်ပေ သုံးလက်မရှိကြောင်း၊ လုံးပတ် အအရွယ်အစားမှာ ၄၁ လက်မရှိပြီး ရှေ့ရေယက်မှာ ၁ဝလက်မရှည်၍ အမြီးအရှည်မှာ ၂၁လက်မရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...