Social Icons

Pages

Thursday, June 22, 2017

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောဖုံးလွှမ်းမှု ဧရိယာတိုးပွားနိုင်ရန် ယခုနှစ်တွင် သစ်တောဧက ၇၉၅၆ ဧက စိုက်ပျိုးရန်လျာထား



မန္တလေး ၂၂-၆-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောဖုံးလွှမ်းမှု ဧရိယာတိုးပွားနိုင်ရန် အတွက် ယခုနှစ်တွင် သစ်တောဧက ၇၉၅၆ ဧကစိုက်ပျိုးရန် လျာထားပြီး ယခုလတတိယပတ်ထိ ဧက ၂ဝ၈ဝစိုက်ပျိုး ပြီးဖြစ်ကြောင်း သစ်တောဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယခုနှစ်မိုးဥတုကာလ အတွင်းနိုင်ငံတော် စီးပွားရေးအတွက် ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်တို့ကို ဧက ၁ဝ၁ဝ စိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်တွင် ၄၇၁ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မြစ်ကမ်းပါး ကာကွယ်ရေးနှင့် ဆည်မြောင်း၊ တာတမံရေရှည် ထိန်းသိမ်းရေးတို့အတွက် ရေဝေရေလဲစိုက်ခင်း ၅၄၅ဧကစိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်တွင် ၄၁၅ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာနေ ပြည်သူလူထုများအတွက် ကျေးရွာထင်းစိုက်ခင်း ၈၆ဧက စိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်တွင် ၇၁ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှု သစ်တောစိုက်ခင်း တည်ထောင်ပေး ခြင်းအတွက် ၆၂၁၅ဧက စိုက်ပျိုးရန် လျာထားပြီး ယခုအချိန်တွင် ၁၁၂၃ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ကျေးလက်အိမ်ရာ ထူထောင်ရေးနှင့် လူထုဖြန့်ပျိုးပင်များ အတွက်အပင် ၁၂ဝဝဝဝဝ ဖြန့်ဝေစိုက်ပျိုးနိုင်ရန် လျာထားပြီး လက်ရှိအချိန်တွင်၂၆၆၃၉၅ပင်စိုက်ပျိုးပြီး ဖြစ်ကာ မန္တလေးတိုင်းဒေသကြီး အနေဖြင့် သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၂ဝ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

''စိုက်ပျိုးမယ့် ပျိုးပင်တွေကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်တွေကနေ ဇွန်လပထမပတ် ကတည်းက စတင်ဖြန့်ဖြူးခဲ့တာပါ''ဟု သစ်တောဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...