Social Icons

Pages

Tuesday, June 20, 2017

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မျိုးစေ့ထုတ်စခန်းရှစ်ခုမှ မျိုးကောင်းမျိုးသန့်များကို တောင်သူများထံသို့ ဖြန့်ချိပေးလျက်ရှိ



မုံရွာ ၂၀-၆-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ မုံရွာ၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်တို့ရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် မျိုးစေ့ထုတ်စခန်းရှစ်ခုမှ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်၍ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံ သို့ဘဏ္ဍာနှစ်အလိုက် ဖြန့်ချိပေးလျက်ရှိ ကြောင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေဦးမြို့နယ်ရေဦးခြံ၊ ရွှေဘိုမြို့နယ်ချီပါခြံ၊ ခင်ဦးမြို့နယ် ဂွေးကုန်းခြံ၊ မုံရွာမြို့နယ်အတွင်း ကြေးမုံကျေးရွာရှိ ကြေးမုံခြံ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ မြေမွန်ခြံနှင့် ကန့်ဘလူခြံ၊ တန့်ဆည်မြို့နယ် အတွင်းရှိ ဝက်တိုး(၁)နှင့် ဝက်တိုး(၂)ခြံတို့မှ မျိုးကောင်းမျိုးသန့် စပါး၊ ပဲစင်းငုံ၊ကုလားပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်း မျိုးစေ့များ ထုတ်လုပ်ပြီး တိုင်းဒေသကြီးအတွင်း တောင်သူများကို ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

''အခုနောက်ပိုင်းမှာ ရာသီဥတုတွေ ပြောင်းလဲလာတဲ့အတွက် စိုက်ပျိုးရေ လုံလောက်မှုမရှိတာတွေ၊ မြေဆီလွှာပျက်စီးမှုတွေ၊ ပိုးမွှားအန္တရာယ်ကျ ရောက်တာတွေကြောင့် စိုက်ပျိုးတဲ့သီးနှံတွေမှာ အထွက်နှုန်းကျဆင်းလာတဲ့အတွက်ဒေသရဲ့ ရာသီဥတု၊ မြေအခြေအနေ နဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေကို စိုက်ပျိုးရေးသုတေသန ခြံတွေက စမ်းသပ်ထုတ်လုပ် ပြီးတော့ဖြန့်ဝေတဲ့မျိုးစေ့တွေကို မျိုးစေ့ထုတ်စခန်းတွေမှာ စိုက်ပျိုးပြီး တောင်သူတွေလက်ထဲ အရောက် ဖြန့်ဝေပေးတာပါ။ ဟိုတုန်းက တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးဖို့ပဲ ထုတ်လုပ်တာပါ။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ကစပြီး မုံရွာမြို့နယ်ကြေးမုံမျိုးစေ့ ထုတ်စခန်းက နေပြီးထုတ်တဲ့ ပဲစင်းငုံမျိုးစေ့တွေကို တခြားတိုင်းဒေသ ကြီးတွေထိကို ဖြန့်ဝေပေးနိုင်တဲ့ထိ ထုတ်လုပ်နေပါပြ'ီ'ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသ ကြီးဦးစီးမှူးက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...