Social Icons

Pages

Thursday, June 15, 2017

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး ပြန်လည်တူးဖော်မှုစတင်



ဖားကန့် ၁၅-၆-၂၀၁၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း နိုင်ငံတော်နှင့် အကျိုးတူ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် မက်စ်မြန်မာ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီက ၂ဝဝ၉ခုနှစ် အောက်တိုဘာ ၁၉ရက်က ငိုးပင်းမှော် လုပ်ကွက်အတွင်း တွေ့ရှိခဲ့သည့် ကျောက်စိမ်း အရိုင်းတုံးကြီးကို ပြန်လည်တူးဖော်မှု လုပ်ငန်းဇွန် ၁၃ရက် နံနက် ၈နာရီက စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောက်စိမ်း အရိုင်းတုံးကြီးမှာ အလျား ၁၇၅လက်မ၊ အနံ ၁၅၁လက်မ၊ အမြင့် ၁၂၇လက်မနှင့် အလေးချိန် ၁၁၅တန်ခန့်ရှိကာ နယ်မြေလုံခြုံရေး အခြေအနေနှင့် ရွှေ့ပြောင်းသယ်ယူရန် ခက်ခဲခြင်းတို့ကြောင့် တူးဖော်မှုကို ရပ်တန့်ခဲ့ပြီး ယခုအခါ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် တူးဖော်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျောက်စိမ်း အရိုင်းတုံးတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေး မှူး ဦးကျော်စွာအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...