Social Icons

Pages

Monday, January 23, 2017

KIA တပ်ရင်း(၃၆)မှ တပ်သားအဆင့်ရှိသူ တစ်ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကြူကုတ် (ပန်ဆိုင်း)မြို့အနီး နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း သည် ယမန်နေ့မွန်းတည့် ၁၂ နာရီခန့်တွင် ကြူကုတ်(ပန်ဆိုင်း) မြို့၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ၌ တောင်ယာတဲ တစ်လုံးအားတွေ့ရှိ သဖြင့် ဝင်ရောက် ရှင်းလင်းရာ KIA တပ်ရင်း(၃၆)မှ တပ်သားအဆင့်ရှိ မန်အော ကိုဖမ်းဆီးရမိ ခဲ့ပြီး လက်နက်များ ဝှက်ထားကြောင်း စစ်ဆေးသိရှိ ရသဖြင့် အဆိုပါဝန်းကျင် တစ်ဝိုက် ရှင်းလင်းခဲ့ရာ အမ်- ၂၂ သေနတ်သုံးလက်၊ ၄င်းကျည်အိမ် ၄ ခု၊ ၄င်းကျည် ၃၁ဝ တောင့်၊ အာပီဂျီဒုံးသီး (ပို့ကျည်အပါ) ၈ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ကာအင်္ကျီ ၄ ထည်နှင့် ကျည်ကာဦးထုပ် ၄ လုံးတို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...