Social Icons

Pages

Thursday, January 19, 2017

နေပြည်တော်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံတွင် အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများနှင့် ပတ်သက်၍ ရောဂါရှာဖွေခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်



နေပြည်တော် ၊ ၁၈-၁-၂၀၁၇

အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများနှင့် ပတ်သက်၍ ရောဂါရှာဖွေ စမ်းသပ် ကုသပေးခြင်း များကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ နယ်မြေခံ တပ်မတော် ဆေးရုံ၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းခွဲစိတ် ကုဌာနမှ ပါမောက္ခ ဗိုလ်မှူးကြီး ဒေါ်သန်းသန်းရီ ဦးဆောင်သော ခွဲစိတ်ကုသမှု အဖွဲ့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ University Tunku Abdul Rahman (UTAR) တက္ကသိုလ်မှ ပါမောက္ခ Kin Fha Chin တို့ပူးပေါင်း၍ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် အူမကြီးကင်ဆာ ဝေဒနာရှင် တစ်ဦးနှင့် စားချဥ့်ပြန်ခြင်း ရောဂါဝေဒနာရှင် တစ်ဦးတို့ကို ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး အဝလွန် လူနာနှစ်ဦး၊ သည်းခြေလမ်း ကြောင်း ကျောက်တည် ရောဂါလူနာ တစ်ဦးနှင့် အစာရေမျို ကင်ဆာရောဂါ ဝေဒနာရှင် တစ်ဦးတို့ကို ရောဂါစမ်းသပ် စစ်ဆေး ကုသမှုများ ပြုလုပ်ပေးသည်။

အဆိုပါခွဲစိတ် ကုသမှုများ သည် နောက်ဆုံးပေါ် ခွဲစိတ်ကုသမှု နည်းပညာ ဖြစ်ပြီး ဝမ်းဗိုက်အား ဒဏ်ရာကြီးမားစွာ ခွဲစိတ်ရန် မလိုကြောင်း နှင့် မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း ဖြစ်သဖြင့် ဒဏ်ရာ သေးငယ်ခြင်း၊ နာကျင်မှု သက်သာခြင်းနှင့် အချိန်တို အတွင်း လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် နိုင်ခြင်း စသည့် အကျိုးကျေးဇူး များစွာ ရရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများကို စမ်းသပ်ကြည့်ရှု ရောဂါရှာဖွေ ခြင်းနှင့် ခွဲစိတ်ကုသခြင်း တို့ကို ဇန်နဝါရီ ၁၈ ရက်အထိ ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး ယခုအကြိမ် အပါအဝင် နိုင်ငံတကာမှ ခွဲစိတ်ကုသမှု ပါရဂူများနှင့် ပူးပေါင်း ဆောင်ရွက် ကုသမှုများမှာ ဆဋ္ဌမ အကြိမ်မြောက် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...