Social Icons

Pages

Monday, December 12, 2016

ရန်ကုန်စတော့ဈေးကွက် ပြည်သူစိတ်ဝင်စားမှု လျော့နည်းလာသဖြင့် ဆန်းသစ်သော နည်းလမ်းများဖြင့် လုပ်ဆောင်သွားရန် လိုအပ်



ရန်ကုန် ၊ ၁၂-၁၂-၂၀၁၆

ရန်ကုန် စတော့အိတ်ချိန်း ဈေးကွက် တည်ထောင်ခြင်း သည် ဒီဇင်ဘာ ၉ ရက်တွင် တစ်နှစ်ပြည့်ပြီ ဖြစ်ရာ အဆိုပါ ကာလအတွင်း ဈေးကွက် အခြေအနေမှာ အစကောင်းခဲ့ သော်လည်း ယခုအခါ ပြည်သူများ စိတ်ဝင်စားမှု လျော့နည်း လာသဖြင့် ဆန်းသစ်သော နည်းလမ်းများဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ယမန်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၌ ကျင်းပသော Stocks Market Seminar အခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် ဒေါက်တာ မောင်မောင်သိမ်း ဒုတိယဝန်ကြီး(ငြိမ်း) နှင့် အမေရိကန်နိုင်ငံ University of Northern Colorado ( USA ) မှ Finance Professor Dr.Joseph French တို့က စတော့ဈေးကွက် နှင့်ရှယ်ယာ များအကြောင်း ဟောပြော ဆွေးနွေးသည်။

ယင်း အခမ်းအနား၌ ဒေါက်တာ မောင်မောင်သိမ်း ဒုတိယဝန်ကြီး (ငြိမ်း)က စတော့ဈေးကွက် ၌ ရင်းနှီးမြှုပ်နှံပါက အကျိုးကျေးဇူးများ၊ ကမ္ဘာ့ စတော့ဈေးကွက် အခြေအနေ၊ ရန်ကုန်စတော့ ဈေးကွက် အခြေအနေ နှင့် စတော့ဈေးကွက် ရှိခြင်းကြောင့် နိုင်ငံနှင့်ပြည်သူ အကျိုးရှိသော သိထားသင့်သည့် အကြောင်းအရာ များကို ဟောပြော ဆွေးနွေးခဲ့သည်။

ထို့ပြင် စတော့ဈေးကွက် ကောင်းမွန်စွာ တိုးတက်လာ စေရေးအတွက် ယခုကဲ့သို့ ဆွေးနွေး ဟောပြောပွဲများကို လုပ်ဆောင်ခြင်း ဖြစ်ပြီး ဆန်းသစ်သော နည်းလမ်းများဖြင့် ရှာဖွေ လုပ်ဆောင်သွားရန် လိုအပ်မည် ဖြစ်သည်။

ရန်ကုန် စတော့ဈေးကွက် အခြေအနေ ကောင်းလာခြင်းဖြင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ အတွက် ပိုမိုကောင်းမွန် လာပြီး ငွေကြေး အနည်းငယ်နှင့် ရင်းနှီးမြှုပ်နှံ နိုင်ခြင်း၊ အလုပ်အကိုင် တိုးပွားလာခြင်း နှင့် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး ကောင်းမွန် စေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...