Social Icons

Pages

Friday, November 18, 2016

ပင်လယ်ရေနက်ဆိပ်ကမ်း အစီအစဉ်ကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ မြို့နယ်များ ကုန်သွယ်ရေးမဟာဗျူဟာမြောက် နေရာများ ဖြစ်လာနိုင်



ရန်ကုန် ၊ ၁၈-၁၁-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်လျက် ရှိသော ပင်လယ်ရေနက် ဆိပ်ကမ်း အစီအစဉ် ဆောင်ရွက်ပြီးစီး ပါက ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ မြို့နယ်များမှာ ကုန်သွယ်ရေး မဟာဗျူဟာ မြောက်နေရာများ ဖြစ်လာရန် ရှိကြောင်း စီးပွားရေး ပညာရှင် များ၏ သုံးသပ် ပြောကြားချက် အရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်မြို့တော် ဆိပ်ကမ်း ဧရိယာများကို အများပြည်သူ အနားယူနိုင်ရန် နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လည်ပတ်နိုင်ရန် ဆိပ်ကမ်းအလှဖြင့် ဆွဲဆောင်ကာ စီးပွားရေး တိုးတက်မှု ရှိလာစေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ အလားတူ ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်း မြို့နယ်၊ တွံတေးမြို့နယ် နှင့် ဆိပ်ကြီး ခနောင်တို မြို့နယ် တို့၌လည်း ရန်ကုန် အနောက်တောင် မြို့သစ်စီမံကိန်း ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော် ဆိပ်ကမ်းကို တောင်ဘက်စွန်း ပင်လယ်ဝ၌ အဆင့်မြင့် နိုင်ငံတကာ ဆိပ်ကမ်း ဖော်ဆောင်ရန် လျာထားကြောင်း၊ ယင်း ရေနက်ဆိပ်ကမ်းကို အမှီပြုကာ အနောက်တောင် မြို့သစ်စီမံကိန်း မှာလည်း ပိုမိုတိုးတက် လာမည်ြ ဖစ်ကြောင်း၊ အလားတူ ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့ အနီး၌လည်း ပင်လယ်ရေနက် ဆိပ်ကမ်းတစ်ခု ပြုလုပ်ရန် လျာထားချက် ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၌ ဖော်ဆောင်မည့် ပင်လယ်ရေနက် ဆိပ်ကမ်းနှင့် တစ်ပြိုင်တည်း ဖော်ဆောင်ရန် ရှိကြောင်း သိရသည်။

ယင်းအတွက် ဧရာဝတီတိုင်း ဒေသကြီး နှင့် ရန်ကုန်တိုင်း ဒေသကြီး တစ်ဆက်တည်းရှိ  ဆက်စပ် ဧရိယာများ ဖြစ်လာကာ ပြည်တွင်းပြည်ပ စီးပွားရေးနှင့် ကုန်သွယ်ရေး အရ ဆက်သွယ်သွားလာ နိုင်သည့် ကုန်သွယ်မှု မဟာဗျူဟာ ကျသော ဧရိယာများ ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...