Social Icons

Pages

Wednesday, September 14, 2016

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ထွက်ခွာ


တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့နေပြည်တော်မှ ထွက်ခွာစဉ်

နေပြည်တော် ၊ ၁၄-၉-၂၀၁၆

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိတ္ထီလာမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် ဆေးကုသမှု ပါရဂူ ဗိုလ်မှူးကြီး ကျော်စိုးဝင်း ဦးဆောင်သော ဆေးကုသမှု ပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ဓာတ်ခွဲပါရဂူ၊ မေ့ဆေးပါရဂူ၊ အရိုးပါရဂူ၊ သားဖွားပါရဂူ၊ မျက်စိပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ဆေးဝါး ဗေဒပါရဂူ၊ ပြည်သူ့ ကျန်းမာရေး ပါရဂူ၊ ကလေး အထူးကုပါရဂူ နှင့် သွားရောဂါ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု အရာရှိများ ပါဝင်သော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ သည် ယမန်နေ့ နံနက် ၆ နာရီတွင် နေပြည်တော် မှ စတင်ထွက်ခွာ သွားသည်။

အဆိုပါ တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့တွင် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု အရာရှိများ အပါအဝင် စုစုပေါင်း ၈၈ ဦးပါဝင်ပြီး ရွေ့လျားခွဲစိတ် ကုသယာဉ် ၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ် နှင့် ရွေ့လျား ဓာတ်ခွဲယာဉ်တို့ ပါဝင်ကာ စက်တင်ဘာ ၁၄ ရက်မှ ၂၆ ရက်အထိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...