Social Icons

Pages

Monday, July 18, 2016

ပြည်တွင်းမှ ကော်ဖီထွက်ရှိမှုနည်းပါးခြင်းကြောင့် ကော်ဖီစိုက်ဧကများ တိုးချဲ့နိုင်ရန် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၁၈-၇-၂၀၁၆

ပြည်တွင်းမှ အရည်အသွေးမြင့် ကော်ဖီများ ထွက်ရှိသော်လည်း အရေအတွက် အားဖြင့် ပြည်ပနိုင်ငံ များထက် ထွက်ရှိမှု နည်းနေခြင်းကြောင့် ကော်ဖီစိုက် ဧကများ တိုးချဲ့နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ကော်ဖီ လုပ်ငန်းရှင်များ ထံမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းကော်ဖီ ထုတ်လုပ် ထွက်ရှိမှုသည် ပြည်ပနိုင်ငံ များကို မယှဉ်နိုင်သော်လည်း အရည်အသွေး ပိုင်းကို အဓိကထား ရမည်ဖြစ်ပြီး ဈေးကွက်၊ ထုတ်လုပ်မှု နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ မြှင့်တင် ဆောင်ရွက်သင့် သည်ဟု ကော်ဖီလုပ်ငန်း လုပ်ကိုင်သူ ဦးသူဇော် ကပြောသည်။

''ကျွန်တော်တို့ နိုင်ငံက ကော်ဖီ ထုတ်လုပ်မှုမှာ ဗီယက်နမ်၊ လာအို ၊ အင်ဒိုနီးရှား၊ တရုတ်နဲ့ ထိုင်းတို့ကို မယှဉ်နိုင်သေး ပါဘူး။ အရည်အသွေး ပိုင်းနဲ့ ဈေးကွက် ရှာဖွေရေး အပိုင်းတွေကို အရင်လုပ် ရပါမယ်။ ဒါ့အပြင် ထုတ်လုပ်မှု နည်းပညာ တွေကို မြှင့်တင်ပေးရ ပါမယ်။ နောက်ပြီး ကော်ဖီစေ့ လှော်တဲ့နေရာမှာ စနစ်တွေ ပိုပြီးတော့ ကောင်းလာဖို့လည်း လိုအပ်ပါတယ်'' ဟု ၄င်းက ပြောသည်။

ပြည်တွင်း ကော်ဖီ ထုတ်လုပ်မှုကို နိုင်ငံတော်က တစ်နှစ်လျှင် တန်ချိန် ၈ဝဝဝ ခန့်ထွက်ရှိရန် ခန့်မှန်းထား သော်လည်း လက်ရှိတွင် တစ်နှစ်လျှင် တန်ချိန် ၂ဝဝဝ ခန့်သာ ထွက်ရှိပြီး ထွက်ရှိ မှု၏ ၆ဝ ရာခိုင်နှုန်း ကို ပြည်ပသို့ တင်ပို့လျက် ရှိသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြန်မာ့ကော်ဖီ သည် ကမ္ဘာ့ကော်ဖီ ဈေးကွက်၌ အရည်အသွေး သတ်မှတ်ချက် တွင် ၈၇ မှတ်အထိ ရရှိထားကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...