Social Icons

Pages

Monday, June 6, 2016

ရန်ကုန်စက်မှု၊ဇုန် မြေကွက်များတွင် စက်ရုံတည်ဆောက်ခြင်း မရှိဘဲ ဂိုဒေါင်အဖြစ် အသုံးပြုမှု ပိုမိုများလာကြောင်း စစ်ဆေးတွေ့ရှိ


ရန်ကုန် ၊ ၆-၆-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၌ လုပ်ငန်းရှင် များသည် စက်ရုံ တည်ဆောက်ခြင်း မရှိဘဲ ကုန်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင်များ အဖြစ် အသုံးပြုမှု ပိုမိုများ လာသည်ကို တွေ့ရှိရကြောင်း ရန်ကုန်တိုင်း ဒေသကြီး စက်မှု ကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စက်မှုဇုန်များ အတွင်းရှိ မြေကွက်များအား ဝယ်ယူထားပြီး လုပ်ငန်းများ လုပ်ကိုင်ခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိပြီး စက်ရုံ တည်ဆောက်ခြင်း မရှိသည့် မြေကွက်လပ် များအတွက် ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ စက်မှုဇုန်များ စီမံခန့်ခွဲရေး စီမံချက်အရ မြေငှားဂရန်များ ချထားပေးသည့် ညွှန်ကြားချက် များအတိုင်း ဆောင်ရွက် သွားမည်ဖြစ်ရာ ယင်းအတွက် ကွင်းဆင်း စစ်ဆေးခြင်း များမှ ရရှိသောစာရင်းများကို ဇွန်လ ပထမပတ် အတွင်း ကောက်ယူ ပြီးစီးနိုင်မည် ဖြစ်ပြီး စက်ရုံများ တည်ဆောက်ခြင်း မရှိသော မြေကွက်ပိုင်ရှင် များအား အရေးယူ ခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်မှုဇုန် ၂၉ ဇုန်ရှိ မြေကွက်လပ် များနှင့် လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသည့် စက်ရုံများ၊ စက်မှုဇုန်များနှင့် မြေကွက်လပ် များ၌ ဂရန်ရရှိပြီး ခြောက်လ အတွင်း လုပ်ငန်း ဖော်ဆောင်ရန် နှင့် လူနေအိမ် ဆောက်လုပ်ခြင်း မပြုရန်၊ တစ်ဆင့် ပြန်လည် ငှားရမ်းခြင်း၊ ရောင်းချခြင်း မပြုရန် ညွှန်ကြားချက် ထုတ်ပြန် ထားခဲ့ကြောင်း၊ စက်မှုဇုန်များ အတွင်းရှိ စက်မှုဇုန် မြေကွက်များ၌ စက်ရုံ တည်ဆောက်ခြင်း မရှိသော မြေကွက်လပ်များ စာရင်းကို မေ ၁၉ ရက်က စတင်ကွင်းဆင်း စစ်ဆေးပြီး စစ်တမ်း ကောက်ယူခဲ့သည်။ 

လက်ရှိတွင် လှိုင်သာယာ စက်မှုဇုန်၊ မြောက်ပိုင်းခရိုင် စက်မှုဇုန်၊ အရှေ့ပိုင်း ခရိုင် စက်မှုဇုန်များ အတွင်း စစ်တမ်းများ ကောက်ယူထားပြီး တောင်ပိုင်းခရိုင် အတွင်း စစ်တမ်း ကောက်ယူမှု သည် ဇွန် ၅ ရက်တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...