Social Icons

Pages

Thursday, May 5, 2016

စစ်တွေမြို့မှ ပင်လယ်ကမ်းရိုးတန်း ဒေသများသို့ ခုတ်မောင်းသည့် သင်္ဘောများဘေးအန္တရာယ် လုံခြုံမှုရှိစေမည့် သင်္ဘောသစ်တစ်စင်း တည်ဆောက်ရန် စတင်ဆောင်ရွက်



စစ်တွေ ၊ ၅-၅-၂၀၁၆

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပင်လယ် ကမ်းရိုးတန်း ဒေသများသို့ သွားရောက်သည့် ခရီးသည်များ ဘေးအန္တရာယ် လုံခြုံမှုရှိစေမည့် သင်္ဘောသစ် တစ်စင်း တည်ဆောက်ရန် စတင် ဆောင်ရွက်လျက် ရှိရာ လက်ရှိတွင်
ရေယာဉ်ဒီဇိုင်း ရေးဆွဲခြင်း လုပ်ငန်း စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ 

အဆိုပါ ပင်လယ် ကမ်းရိုးတန်း ဒေသသွား သင်္ဘောသစ်ကို ဂျပန်နိုင်ငံက ကူညီသည့် ယန်းငွေသန်း ၂ဝဝ ကျော် အသုံးပြု၍ စတင် တည်ဆောက် သွားမည်ဖြစ်ပြီး ပြည်ပမှ သံပြား၊ သံကိုင်းများ ဝယ်ယူ တင်သွင်း၍ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ မတ်လက အောင်တံခွန် (၃) ခရီးသည်တင် ရေယာဉ် နစ်မြုပ်ခဲ့ပြီး လူ ၅ဝ ကျော် သေဆုံးခဲ့၍ ပြည်တွင်း ရေကြောင်း သင်္ဘောများ၏ ကြံ့ခိုင်မှုကို ပြည်သူ အများစုက မေးခွန်းထုတ် ဝေဖန်ခဲ့ ကြသည်။

လက်ရှိသင်္ဘော များ၏ သက်တမ်းသည် နှစ် ၄ဝ မှ နှစ် ၆ဝ အထိ ရှိနေသောကြောင့် လုံခြုံမှု မရှိတော့ သဖြင့် ပြန်လည် အစားထိုးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ 

ယခင်က ကုန်နှင့်ခရီးသည် တွဲဖက်သည့် သင်္ဘောများ နေရာ၌ ကုန်စည် သီးသန့်၊ ခရီးသည် သီးသန့် ပြေးဆွဲမည့် ရေယာဉ်များ ဖြင့် အစားထိုးမည့် အစီအစဉ် များလည်းရှိပြီး ဂျပန်နိုင်ငံ JICA အဖွဲ့က လာရောက် လေ့လာလျက် ရှိကာ သင်္ဘောသစ်များ အကူအညီ ပေးရန် ဂျပန်အစိုးရ ထံသို့ တင်ပြ ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...