Social Icons

Pages

Thursday, March 24, 2016

ဝေးလံခေါင်းပါး ဒေသများရှိ တိုက်နယ်ဆေးရုံများတွင် သွားရောက်တာဝန် ထမ်းဆောင်ရန်အတွက် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများ ဒေသအသီးသီး သို့ရောက်ရှိ



နေပြည်တော် ၊ ၂၄-၃-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ် နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အတွင်း ဝေးလံခေါင်းပါး၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသများရှိ ဒေသခံပြည်သူ များ၏ ကျန်းမာရေး မြှင့်တင်ပေးရန် အတွက် ဆရာဝန် လိုအပ်ချက်ရှိသော ဆေးရုံများတွင် မိမိသဘော ဆန္ဒအလျောက် သွားရောက် တာဝန် ထမ်းဆောင်ရန် တပ်မတော်သား ဆရာဝန် များသည် မတ် ၁၈ ရက်တွင် ထွက်ခွာခဲ့ပြီး မင်းတပ်မြို့နယ်၊ ဝမ္မသူး တိုက်နယ်ဆေးရုံ သို့ မတ် ၁၉ ရက်တွင် လည်းကောင်း၊ မတူပီမြို့ ပြည်သူ့ဆေးရုံ သို့ မတ် ၂ဝ ရက် တွင်လည်းကောင်း၊ ရေဇွာပြည်သူ့ ဆေးရုံသို့ မတ် ၂၁ ရက်တွင် လည်းကောင်း အသီးသီး ရောက်ရှိ ကြသည်။

အဆိုပါ တပ်မတော်သား ဆရာဝန် များအား သက်ဆိုင်ရာ ဆေးရုံများမှ ဆရာဝန်ကြီးများ၊ ဆေးရုံ ဝန်ထမ်းများ၊ ရပ်မိရပ်ဖ များနှင့် ဒေသခံများက နွေးထွေး ဖော်ရွေစွာ ကြိုဆိုခဲ့ ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...