Social Icons

Pages

Tuesday, February 16, 2016

ခွင့်မပြုသော ဆိုးဆေးနှင့် ဓာတုပစ္စည်းများကို အသုံးပြုပါက အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူမည်



ရန်ကုန် ၊ ၁၆-၂-၂၀၁၆

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက် များကို အများပြည်သူ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ အစားအသောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူ များသည် စားသောက်ကုန် တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးနှင့် ဓာတုပစ္စည်း များကိုလုံးဝ အသုံးမပြုရန် နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ ၂၈ (က) အရ အရေးယူမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ဈေးကွက်အတွင်း ရောင်းချလျက် ရှိသော အစားအသောက် များကို ရှောင်တခင် စစ်ဆေး ကြည့်ရှုရာ ကုန်ပစ္စည်း တချို့တွင် ခွင့်မပြုသော ဆိုးဆေးနှင့် ဓာတုပစ္စည်း များ ပါဝင် နေသည်ကို တွေ့ရှိရသဖြင့် အဆိုပါ စားသုံးရန် မသင့်သော အစားအစာ များကို ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာချက် ထုတ်ပြန် ထားသည်။

အဆိုပါ ခွင့်မပြုသော ဆိုးဆေးနှင့် ဓာတုပစ္စည်းများ ပါဝင်သည့် အစားအစာ များမှာ အသင့် စားသောက်ကုန် ၁၉ မျိုးအထိ ပါဝင်ပြီး ယင်းတို့ထဲတွင် ပဲလှော်တံဆိပ် ခုနစ်မျိုး ပါဝင်သည်။

လက်ရှိ ပြည်တွင်း ဈေးကွက်ထဲတွင် ခွင့်မပြုဆိုးဆေး အသုံးပြု ထားသည့် အသင့်စား စားသောက်ကုန် များထဲတွင် ပဲလှော်နှင့် မျှစ်တို့မှာ အများဆုံး ဖြစ်၍ ငရုတ်ဆီ၊ ရှာလကာရည် စသည်တို့ ပါဝင်ကာ လက်လီ လက်ကား ရောင်းချနေသော ဆိုင်များကိုလည်း စစ်ဆေး တားမြစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...