နေပြည်တော် ၊ ၁၅-၅-၂၀၁၅
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပါကစ္စတန်နိုင်ငံ ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mohmood ၏ ဖိတ်ကြားချက် အရ ပါကစ္စတန် နိုင်ငံသို့ လည်းကောင်း၊ ဆားဗီးယား နိုင်ငံ ကာကွယ်ရေး ၀န်ကြီး H. E. Mr. Bratislav Gasic ၏ ဖိတ်ကြားချက် အရ ဆာဗီးယား နိုင်ငံသို့ လည်းကောင်း ချစ်ကြည်ရေး ခရီး အသီးသီး သွားရောက်ခဲ့ပြီး မေ ၁၃ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ဆာဗီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ Nikola Tesla အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြန်လည် ထွက်ခွာလာခဲ့ရာ ယူအေအီး နိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန် လည်ရောက် ရှိသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး H.E. Mr Ehsan Ullah Batth ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဆာဗီးယား သံအမတ်ကြီး H.E.Mr. Miodrag Nilolin၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နှင့် တပ်မတော် အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာလာခဲ့ရာ မွန်းလွဲပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိကြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က ကြိုဆို နှုတ်ဆက် ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ အဖွဲ့ဝင်များ အဖြစ် လိုက်ပါသွားကြသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း နှင့် တပ်မတော် အရာရှိကြီးများ ပြန်လည် လိုက်ပါ လာခဲ့ကြောင်း သိရှိရသည်။
#Themyawadydaily
No comments:
Post a Comment