Social Icons

Pages

Friday, December 5, 2014

SSA(ရွက်ဆစ်) အဖွဲ့မှ ဒေသခံပြည်သူ တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်


နေပြည်တော် ၊ ၅-၁၂-၂၀၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်အုပ်စု၊ ဝမ်လျှဲန်ရွာ သို့ ဒီဇင်ဘာ ၂ ရက် ည ၉ နာရီခန့်တွင် SSA(ရွက်ဆစ်) အဖွဲ့မှ မျက်နှာဖုံး ကိုယ်စီ စွပ်ထားသော အင်အားငါးဦးခန့် ပါသည့် အဖွဲ့ငယ် တစ်ဖွဲ့သည် ပစ္စတိုတစ်လက် ကိုင်ဆောင်လျက် ဝမ်ဘန်းရွာ၏ အရှေ့ဘက်မှ တစ်ဆင့် ဝမ်လျှဲန်ရွာသို့ ဝင်ရောက်လာပြီး ယခင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ ဦးရှန်ဆွမ်ခမ်း (ကွယ်လွန်) ၏ နေအိမ် တံခါးအား ရိုက်ဖွင့်ဖျက်ဆီး ၍ ၄င်း၏ သားဖြစ်သူ ဦးအိုက်မွန်း ၃၄ နှစ်အား ရွာ၏ မြောက်ဘက်သို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲခန့် တွင် SSA(ရွက်ဆစ်) အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားသူ ဦးအိုက်မွန်း အား ဝမ်ဘန်းရွာ ၏ အရှေ့တောင်ဘက် ၌ လည်ပင်းပြတ်ရှ ဓားဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရှိ ရကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...