Social Icons

Pages

Friday, December 5, 2014

အသိအမှတ်ပြု လက်မှတ်ရှိမှသာ ဧည့်လမ်းညွှန်များ ၀န်ဆောင်ခွင့် ပြုမည်


မန္တလေး ၊ ၅-၁၂-၂၀၁၄

ဧရာဝတီမြစ် အတွင်း လင်းပိုင် နှင့် သဘာဝ အနေအထားများ ပျက်စီးမှု မရှိစေရန်၊ မြစ်အတွင်းရှိ လင်းပိုင်များကို နည်းစနစ်တကျ ပြသနိုင်ရန် နှင့် သဘာဝ ပတ်ဝန်းကျင် အနေအထားများ သိရှိကာ ဝန်ဆောင်မှု ပေးမည့် ဧည့်လမ်းညွှန် များအနေဖြင့် သတ်မှတ်လိုင်စင် မရှိလျှင် ခရီးသွားများအား ဝန်ဆောင်ခွင့် မပြုသည့် စနစ်ကို ကျင့်သုံးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်း မန္တလေးဇုန် မှ သိရသည်။

ဧရာဝတီမြစ် အတွင်းရှိ ငါးမျိုးစိတ်များ၊ မြစ်ကမ်း သစ်ပင်များ၊ ကျင်လည်ကျက်စား နေသော ရေပျော်ငှက်များ၊ လူနေမှု ဘဝများ၊ အထင်ကရ နေရာများ စသည်တို့ကို ဧည့်လမ်းညွှန် များက ရှင်းပြနိုင်ရန် အတွက် သင်တန်းတစ်ခုကို ဖွင့်လှစ်ကာ သင်ကြားပြသ ပေးမည်ဖြစ်ပြီး သင်တန်းဆင်း သွားသောသူများ ကိုလည်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် ဧရာဝတီ မြစ်အတွင်းသို့ ခရီးသွားများ လာရောက် လေ့လာကြည့်ရှု ရာတွင် လင်းပိုင် တစ်မျိုးတည်း ကိုသာ ပြသ ရှင်းပြနိုင်ပြီး အခြားသော ဧရာဝတီမြစ် အတွင်းရှိ အလှတရား၊ သဘာဝဖြစ်စဉ်၊ ဒေသခံများ၏ အနေအထိုင် အပြုအမူ များကို ရှင်းလင်းပြသ နိုင်သည့် လုပ်ဆောင်ချက်မျိုး မရှိသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

မမ

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...