အမျိုးသားရေး
တာဝန်သိစိတ်ဖြင့် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်း
ဆောင်ရွက် သွားကြမည့် တပ်မတော် နှင့် မီဒီယာတို့၏ တွေ့ဆုံမှု
ဇော်မင်းထွန်း(ရေနံချောင်း)
နိုင်ငံ တည်ဆောက်ရေး ( State Building )၊ တိုင်းပြည် တည်ဆောက်ရေး၊ ( Nation Building ) လုပ်ငန်းများကို ဆောင်ရွက်ကြ ရာ၌ အားလုံးပါဝင် နိုင်စေရေး၊ အတူတကွ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရေး တို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် နေသည့် မြန်မာနိုင်ငံ အတွက် ပကတိ လိုအပ်ချက်ပင် ဖြစ်ပါသည်။ နိုင်ငံ တည်ဆောက်ရေး တွင် အဓိက မဏ္ဍိုင်ကြီး သုံးခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ ဥပဒေပြုရေး နှင့် စတုတ္ထ မဏ္ဍိုင်ဖြစ်သည့် မီဒီယာ တို့သည် ဟန်ချက်ညီရန် လိုအပ်ပေသည်။ တစ်နေရာ ကဏ္ဍ တစ်ခုတည်းမှ ပိုမို သာလွန်ခြင်း၊ လိုအပ်နေခြင်း သည် ခြေလေးချောင်း တပ်ဆင် ထားသော စားပွဲတစ်လုံး ၏ ခြေတစ်ချောင်း မညီသကဲ့သို့ တည်ငြိမ်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။
နိုင်ငံတစ်ခု၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ် ဟန်ချက်ညီရန် ထိန်းကျောင်း ပေးမှုကို စတုတ္ထမဏ္ဍိုင် ဖြစ်သော မီဒီယာက ဆောင်ရွက် ရသည်။ မီဒီယာသည် မဏ္ဍိုင်ကြီး သုံးခု၏ နောက်တွင် ရပ်တည် ရသော်လည်း တစ်ချိန်တည်း မှာပင် မဏ္ဍိုင်ကြီး သုံးခုကို ထိန်းညှိသော ကြိုးလည်း ဖြစ်နေ ပေသည်။ ယနေ့ မြန်မာတို့ တည်ဆောက် နေသော ဒီမိုကရေစီစနစ် ၏ အခြေခံမှာ ပြည်သူလူထု ဖြစ်သည့် အလျောက် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၌ ပြည်သူတို့၏ အသံမှာ အလွန် အရေးကြီး ပေသည်။ ပြည်သူတို့၏ အသံကို ပီပြင်အောင် ပြုလုပ်နိုင်သည့် အရာမှာ မီဒီယာများသာ ဖြစ်သကဲ့သို့ အစိုးရ အဖွဲ့အစည်း တို့၏ လုပ်ဆောင်ချက် များကို ပြည်သူတို့ သိရှိရန် ထောက်ခံ အားပေး ဆောင်ရွက် ရာတွင်လည်း မီဒီယာ သည်သာ အဓိက ဖြစ်သည်။
နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ လွတ်လပ်ရေးအား ထိန်းသိမ်း စောင့်ရှောက်မှု သမိုင်း၊ ပြည်တွင်း ပြည်ပရန် ကာကွယ် စောင့်ရှောက်မှု သမိုင်းမှသည် ယနေ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်မှု သမိုင်းအထိ တပ်မတော် သည် ပြည်သူတို့နှင့် လက်တွဲ၍ အမျိုးသား နိုင်ငံရေးအား ဆောင်ရွက် ခဲ့သည်။ ပြည်သူ့ အရွေးချယ်ခံ အစိုးရလက်သို့ တပ်မတော် အစိုးရမှ အာဏာလွှဲပြောင်း ပေးခဲ့ပြီးသည်မှ ယနေ့တိုင် ပြည်သူတို့ လိုလားတောင့်တ ခဲ့သော ဒီမိုကရေစီ စနစ် ပီပြင်စွာ ဖြစ်ပေါ် လာစေရေး အမျိုးသားရေး တာဝန် သိစိတ်ဖြင့် ဆောင်ရွက်လျက် ရှိသည်။
ခေတ်အဆက်ဆက် အမျိုးသားရေး တာဝန် သိစိတ်ဖြင့် နိုင်ငံတော် နှင့် ပြည်သူလူထု အကျိုးကို ဆောင်ရွက်ခဲ့သည့် တပ်မတော်သည် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး တို့အား တပ်မတော်၏ မှန်ကန်သည့် ရည်ရွယ်ချက် အဖြစ် ထားရှိ၍ နိုင်ငံတော်အား တည်ဆောက်လျက် ရှိသည်။ တည်ငြိမ် အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကို အထောက် အကူပြုမည့် လုပ်ငန်း မှန်သမျှ အားလည်း ဆောင်ရွက်လျက် ရှိပါသည်။ မူလတာဝန် ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများ အပြင် သဘာဝ ဘေးအန္တရာယ် မှ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ၊ နယ်လှည့် ဆေးကုသရေး လုပ်ငန်းများ၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများသည် တပ်မတော် ၏ အမျိုးသားရေး တာဝန် သိစိတ်မှ ပေါက်ဖွား လာသော လုပ်ငန်းများပင် ဖြစ်ပါသည်။
ဇော်မင်းထွန်း(ရေနံချောင်း)
နိုင်ငံ တည်ဆောက်ရေး ( State Building )၊ တိုင်းပြည် တည်ဆောက်ရေး၊ ( Nation Building ) လုပ်ငန်းများကို ဆောင်ရွက်ကြ ရာ၌ အားလုံးပါဝင် နိုင်စေရေး၊ အတူတကွ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရေး တို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် နေသည့် မြန်မာနိုင်ငံ အတွက် ပကတိ လိုအပ်ချက်ပင် ဖြစ်ပါသည်။ နိုင်ငံ တည်ဆောက်ရေး တွင် အဓိက မဏ္ဍိုင်ကြီး သုံးခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ ဥပဒေပြုရေး နှင့် စတုတ္ထ မဏ္ဍိုင်ဖြစ်သည့် မီဒီယာ တို့သည် ဟန်ချက်ညီရန် လိုအပ်ပေသည်။ တစ်နေရာ ကဏ္ဍ တစ်ခုတည်းမှ ပိုမို သာလွန်ခြင်း၊ လိုအပ်နေခြင်း သည် ခြေလေးချောင်း တပ်ဆင် ထားသော စားပွဲတစ်လုံး ၏ ခြေတစ်ချောင်း မညီသကဲ့သို့ တည်ငြိမ်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။
နိုင်ငံတစ်ခု၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ် ဟန်ချက်ညီရန် ထိန်းကျောင်း ပေးမှုကို စတုတ္ထမဏ္ဍိုင် ဖြစ်သော မီဒီယာက ဆောင်ရွက် ရသည်။ မီဒီယာသည် မဏ္ဍိုင်ကြီး သုံးခု၏ နောက်တွင် ရပ်တည် ရသော်လည်း တစ်ချိန်တည်း မှာပင် မဏ္ဍိုင်ကြီး သုံးခုကို ထိန်းညှိသော ကြိုးလည်း ဖြစ်နေ ပေသည်။ ယနေ့ မြန်မာတို့ တည်ဆောက် နေသော ဒီမိုကရေစီစနစ် ၏ အခြေခံမှာ ပြည်သူလူထု ဖြစ်သည့် အလျောက် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၌ ပြည်သူတို့၏ အသံမှာ အလွန် အရေးကြီး ပေသည်။ ပြည်သူတို့၏ အသံကို ပီပြင်အောင် ပြုလုပ်နိုင်သည့် အရာမှာ မီဒီယာများသာ ဖြစ်သကဲ့သို့ အစိုးရ အဖွဲ့အစည်း တို့၏ လုပ်ဆောင်ချက် များကို ပြည်သူတို့ သိရှိရန် ထောက်ခံ အားပေး ဆောင်ရွက် ရာတွင်လည်း မီဒီယာ သည်သာ အဓိက ဖြစ်သည်။
နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ လွတ်လပ်ရေးအား ထိန်းသိမ်း စောင့်ရှောက်မှု သမိုင်း၊ ပြည်တွင်း ပြည်ပရန် ကာကွယ် စောင့်ရှောက်မှု သမိုင်းမှသည် ယနေ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်မှု သမိုင်းအထိ တပ်မတော် သည် ပြည်သူတို့နှင့် လက်တွဲ၍ အမျိုးသား နိုင်ငံရေးအား ဆောင်ရွက် ခဲ့သည်။ ပြည်သူ့ အရွေးချယ်ခံ အစိုးရလက်သို့ တပ်မတော် အစိုးရမှ အာဏာလွှဲပြောင်း ပေးခဲ့ပြီးသည်မှ ယနေ့တိုင် ပြည်သူတို့ လိုလားတောင့်တ ခဲ့သော ဒီမိုကရေစီ စနစ် ပီပြင်စွာ ဖြစ်ပေါ် လာစေရေး အမျိုးသားရေး တာဝန် သိစိတ်ဖြင့် ဆောင်ရွက်လျက် ရှိသည်။
ခေတ်အဆက်ဆက် အမျိုးသားရေး တာဝန် သိစိတ်ဖြင့် နိုင်ငံတော် နှင့် ပြည်သူလူထု အကျိုးကို ဆောင်ရွက်ခဲ့သည့် တပ်မတော်သည် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး တို့အား တပ်မတော်၏ မှန်ကန်သည့် ရည်ရွယ်ချက် အဖြစ် ထားရှိ၍ နိုင်ငံတော်အား တည်ဆောက်လျက် ရှိသည်။ တည်ငြိမ် အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကို အထောက် အကူပြုမည့် လုပ်ငန်း မှန်သမျှ အားလည်း ဆောင်ရွက်လျက် ရှိပါသည်။ မူလတာဝန် ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများ အပြင် သဘာဝ ဘေးအန္တရာယ် မှ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ၊ နယ်လှည့် ဆေးကုသရေး လုပ်ငန်းများ၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများသည် တပ်မတော် ၏ အမျိုးသားရေး တာဝန် သိစိတ်မှ ပေါက်ဖွား လာသော လုပ်ငန်းများပင် ဖြစ်ပါသည်။
အမျိုးသားရေး
တာဝန် သိစိတ်ဖြင့် ခေတ် အဆက်ဆက် နိုင်ငံတော် နှင့် ပြည်သူလူထု အပေါ်
သစ္စာစောင့်သိ ခဲ့သော တပ်မတော် အနေဖြင့် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၄
ရက်နေ့တွင်လည်း ¤င်း တာဝန် သိစိတ်ဖြင့် ပင် နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင် အား
ပိုမို အားကောင်း လာစေရေး မော်ကွန်း ကမ္ပည်း တင်နိုင်စေမည့် တွေ့ဆုံမှု တစ်ခု
ပြုလုပ်ခဲ့ ပါသည်။
တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂ဝ၁၄
ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ
ဘုရင့်နောင် ရိပ်သာ၌ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ဒုတိယ ဥက္ကဋ္ဌ
ဦးခင်မောင်လေး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ ခဲ့ပါသည်။ တွေ့ဆုံပွဲသို့
တပ်မတော် ဘက်မှ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး
လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး
များနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်
တို့ တက်ရောက် ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ
အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ တွဲဖက် အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း၊
အဖွဲ့ဝင်များ ဖြစ်ကြသော ဦးသီဟစော၊ ဦးရဲမင်းဦး၊ ဦးကိုကို နှင့်
ဦးဇော်သက်ထွေး တို့ တက်ရောက်ခဲ့ကြ ပါသည်။
တွေ့ဆုံပွဲ၌
နှစ်ဦးနှစ်ဖက် စလုံးမှ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်နိုင်ခဲ့
ပါသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က '' တိုင်းပြည် ဖွံ့ဖြိုး တိုးတက်
စေလိုသည့် မှန်ကန်သောစိတ်၊ စေတနာ တူညီကြသည့် တပ်မတော် နှင့် မီဒီယာ အတူတကွ
ပူးပေါင်း ဆောင်ရွက်ရေး '' ဆိုသော စိတ်ရင်းမှန် စကားဖြင့် တွေ့ဆုံမှု
နိဒါန်းကို ဖွင့်လှစ် ပေးခဲ့သည်။ နိုင်ငံအကျိုး ပြည်သူလူထု အကျိုးကို
လိုလားမှု၊ တန်ဖိုး ထားမှုချင်း တူညီသော အဖွဲ့အစည်း နှစ်ရပ်၏ တွေ့ဆုံမှုမှာ
သာမန် တွေ့ဆုံမှုနှင့် မတူ၊ ရင်းနှီးမှု၊ ပွင့်လင်းမှု၊ စိတ်ပါ ဝင်စားမှု
တို့ကြောင့် ၃ နာရီကျော် ကြာမြင့် ခဲ့သည်။ နိုင်ငံတော် နှင့် ပြည်သူအပေါ်
ထားရှိသော မှန်ကန်သည့် စိတ်ရင်း စေတနာ များကြောင့် တွေ့ဆုံမှုမှ မီဒီယာနှင့်
တပ်မတော် အကြား ကဏ္ဍအလိုက် အကျိုးဖြစ်ထွန်း စေမည့် ရလဒ်ကောင်းများ ရရှိခဲ့
ပါသည်။
တပ်မတော်
၏ နိုင်ငံတော်၊ ပြည်သူ နှင့် မီဒီယာအပေါ် ရပ်တည်ချက် သဘောထား အမြင်များ
အနေဖြင့် နိုင်ငံတော် တာဝန်များအား ပြည်သူ့ ရွေးချယ်ခံ အစိုးရထံသို့
အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်း ပေးခဲ့ပြီး နောက်ပိုင်း တပ်မတော် အနေဖြင့်
ပြည်သူတို့ လိုလားသော ဒီမိုကရေစီ စနစ် ခိုင်မာစေရေး အစိုးရ နှင့်အတူ
ပူးပေါင်း ဆောင်ရွက် ခဲ့သည်။ ပြုပြင် ပြောင်းလဲရေး ကာလ ၃ နှစ်တာအတွင်း
ပြီးပြည့်စုံ နိုင်ခြင်းမရှိ၊ လိုအပ်ချက်များ၊ စိန်ခေါ်မှုများ များစွာ
ရှိနေသေးကြောင်း တွေ့ရမည် ဖြစ်သည်။ ၄င်း လိုအပ်ချက်၊ စိန်ခေါ်မှု များအား
မီဒီယာ နှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်၏ ထူထောင်ရေး လုပ်ငန်းများအား ပန်းချီကားချပ်
တစ်ခုကဲ့သို့
ကြည့်မြင်ပါက သာသာယာယာ လှလှပပ ရေးဆွဲထားလျှင် ကြည့်သူ မြင်သူအပေါင်း
စိတ်ချမ်းသာမည် ဖြစ်သကဲ့သို့ နိုင်ငံတော် အနာဂတ် အတွက် သာယာ လှပသော
ပန်းချီကား တစ်ချပ် ဖြစ်စေရေး အားလုံးအတူ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်
ပါသည်။ ခေတ်သစ်၊ စနစ်သစ် ပြုပြင် ပြောင်းလဲမှုအား ဆောင်ရွက် နေချိန်၌
အတိတ်ကို ပြန်၍ လက်ညှိုးထိုး အပြစ်ဖို့ နေမည့်အစား ရှေ့သို့ ( Go Forward )
တိုးတက်ရန် သည်သာ အဓိက ဖြစ်ပါသည်။ အတိတ်ကို အာဃာတ တရားများဖြင့် ပြန်လည်
တူးဆွခြင်းသည် ရှေ့ခရီး အတွက် အနေကန် သဘောသာ ဆောင်၍ ဧကန်သဘော ဆောင်မည့်
အတိတ်ကို သင်ခန်းစာယူ၍ ရှေ့သို့ တိုးတက်ဖို့ ကြိုးစား လုပ်ဆောင်ကြ ရမည်
ဖြစ်ပါသည်။ နိုင်ငံတော်အတွက် သာယာ ဖြောင့်ဖြူးသော အနာဂတ် တိုးတက်စေရေး
ရှေ့သို့ တက်လှမ်းမှုသည် အပြည့်အဝ မလှမ်းနိုင် သည့်တိုင် တိုးတက်မှု ရှိဖို့
လိုအပ်ပါသည်။ ကမ္ဘာ့ နိုင်ငံတိုင်းက ၄င်းတို့နိုင်ငံ အသီးသီး၏ ဖွံ့ဖြိုး
တိုးတက်မှုကို စဉ်ဆက်မပြတ် ကြိုးစား အားထုတ် နေချိန်၌ မြန်မာက နှေးနေ၍ မရပါ။
ထိုက်သင့်သော အပြုသဘော ဆောင်သည့် တိုးတက်မှု အရွေ့တစ်ခု ရှိနေရမည်
ဖြစ်ပါသည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊
ပိုင်နက်နယ်မြေ လုံခြုံစေရေး၊ ပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ်
စောင့်ရှောက်ရေး လုပ်ငန်းစဉ် များ၌ ပြည်သူလူထု အားလုံး ပါဝင်ရန်
လိုအပ်သဖြင့် မီဒီယာတို့၏ အပြုသဘော အမြင်ဖြင့် ပူးပေါင်း ဆောင်ရွက်မှုကို
တပ်မတော်က ကြိုဆိုလျက် ရှိသည်။ ယခုကဲ့သို့ ထိတွေ့ ဆက်ဆံမှု မှသည် ခင်မင်
ရင်းနှီးမှု၊ ခင်မင် ရင်းနှီးမှု မှသည် အမြင်ချင်း ဖလှယ်မှု၊ အမြင်ချင်း
ဖလှယ်မှု မှသည် တိုင်းကျိုး၊ ပြည်ကျိုးပြု လုပ်ငန်းများအား တပ်မတော် နှင့်
မီဒီယာ ပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက် နိုင်သည်အထိ မျှော်မှန်း ထားပါသည်။
မီဒီယာများမှ
တပ်မတော် အပေါ် အမြင်နှင့် ပတ်သက်၍ လည်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ
(ယာယီ) ဘက်မှ ပွင့်လင်းစွာ ပြောဆိုခဲ့သည်။ နိုင်ငံတော်၏ ပြည်ပ ကျူးကျော်မှု
ကာကွယ်ရေး သမိုင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု သမိုင်းကာလ
တစ်လျှောက်လုံး၌ တပ်မတော် နှင့် မီဒီယာများ၏ ဆက်ဆံရေး သည် အထူး ကောင်းမွန်
ခဲ့ကြောင်း သိရသည်။ ရှေ့တန်း စစ်မြေပြင် သို့ပင် အနုပညာရှင် များ
ကိုယ်တိုင် လိုက်လံ ဖျော်ဖြေ၍ စိတ်ဓာတ်မြှင့်တင် ပေးခဲ့သည်။ ၁၉၈၈ ခုနှစ်
နောက်ပိုင်း၌ အကြောင်း အမျိုးမျိုးကြောင့် ဆက်ဆံရေး အခြေအနေ ပြောင်းလဲ
သွားခဲ့သည်။ ဆက်ဆံရေး အခြေအနေ ပြောင်းလဲရာမှ ထိတွေ့ ဆက်ဆံမှု နည်းပါး
လာခဲ့သည်။ လက်ရှိ အခြေအနေ ၌ တပ်မတော်နှင့် ပတ်သက်သော သတင်းများအား မေးမြန်း
အတည်ပြု ရာတွင် အခက်အခဲများ ရှိနေကြောင်း ပွင့်လင်းစွာ ပြောဆို ခဲ့သည်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈
ခုနှစ်) ပါ ပြဌာန်းချက် များအရ တပ်မတော်၏ အရေးပါမှု နှင့် အရာရောက်မှု
တို့ကို မီဒီယာများ သဘောပေါက် နားလည် ကြသည်။ နိုင်ငံတော် နှင့် ပြည်သူ
အတွက် စစ်မှန် ခိုင်မာသည့် အားကိုး၊ အားထားပြု နိုင်စရာ အဖွဲ့အစည်း အဖြစ်
ခံယူကြသည်။ မီဒီယာများ အနေဖြင့် တပ်မတော် နှင့် ပတ်သက်သော သတင်းဆိုလျှင်
တပ်မတော်၏ ပြောကြားချက်၊ ထုတ်ပြန်မှု တို့ကို မျှော်လင့် ကြသည်။ အထူးသဖြင့်
အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စများ နှင့် တိုက်ပွဲ
သတင်းများ အတွက် တပ်မတော်ဘက် မှ ပြောဆိုချက်၊ သတင်း ထုတ်ပြန်ချက် များအား
အဓိကထား ကိုးကား ဖော်ပြချင် ကြသည်။ လက်နက်ကိုင် အဖွဲ့အစည်း များမှသာ
ပြောဆိုသည့် တစ်ဖက်သတ် သတင်းများ ကိုသာ ဖော်ပြ နေရခြင်းမှ ရှောင်ရှား
လိုသည်။ သို့သော် သတင်း ထုတ်ပြန်မှု မရှိခြင်း၊ အချိန်မီ သတင်း မရခြင်းက
အခက်အခဲ ဖြစ်လျက် ရှိသည်။တစ်ဖက်တည်း ရရှိသော သတင်းကို အသုံးပြုသည့် အခါ
ကျင့်ဝတ်နှင့် မညီခြင်း၊ အဓိပ္ပာယ် ကောက်ယူမှု တိမ်းစောင်းခြင်း၊ သဘော သဘာဝ
များကို နားလည်မှု လွဲမှားခြင်းတို့ ဖြစ်လာပြီး တစ်ဦးနှင့် တစ်ဦး
အထင်လွဲခြင်း၊ အထင်လွဲရာမှ သံသယ ဝင်ခြင်း၊ သံသယ မှ ပူးပေါင်း ဆောင်ရွက်ရန်
ခက်ခဲခြင်းတို့ ဖြစ်လာ နိုင်သဖြင့် နှစ်ဦးနှစ်ဖက် စလုံးမှ သတိပြု
သွားရမည် ဖြစ်ပါသည်။
တပ်မတော်သည်
သဘာဝ ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ၌ မည်သည့် အဖွဲ့အစည်း ကမှ
မနှိုင်းယှဉ် သာအောင် သာလွန် ထူးကဲစွာ ဆောင်ရွက်ခဲ့ ပါသည်။ ၂ဝ၁၄ ခုနှစ်၊
မိုးရာသီကာလ ရေကြီးရေလျှံ မှုများ ကြုံရချိန်၌ လူအား၊ ငွေအား၊ စေတနာအား
စသည့် ခွန်အားနှင့် အရင်းအမြစ် များ အားလုံး ထုတ်သုံးလျက် ဆောင်ရွက်
ခဲ့ကြသည်။ တပ်မတော်သား တစ်ဦးမှ ကလေးငယ် တစ်ဦးကို လည်ဂုတ်ပေါ် ပိုးတင်လျက်
ရင်ခေါင်းလောက် ရှိသည့် ရေထဲတွင် လမ်းလျှောက်၍ ပို့ဆောင်ပေး နေပုံမှာ
ကြည့်မြင် ရသူတိုင်း ၏ ရင်ထဲ၊ နှလုံးသားထဲ သို့ စူးနင့် ဝင်ရောက် စေသော
ပုံရိပ်တစ်ခု ဖြစ်ပါသည်။တပ်မတော် ၏ ပြည်သူ့အကျိုး သယ်ပိုးမှု၊ စေတနာ နှင့်
အနစ်နာခံမှု၊ ကာကွယ် စောင့်ရှောက်မှု နှင့် ပြည်သူကို အမိ၊ ပြည်သူကို အဖ
နေရာထားမှု တို့ကို စာတစ်လုံးမှ စာစီကုံး စရာမလိုဘဲ ဖော်ပြ လိုက်ခြင်းပင်
ဖြစ်သည်။ ¤င်း ဓာတ်ပုံအား မီဒီယာ များမှ မရရှိခဲ့ပါ။ ၄င်း ဖြစ်စဉ်မျိုး၊
သတင်းမျိုး သည် တပ်မတော် နှင့် မီဒီယာ နှစ်ဦးနှစ်ဖက် စလုံး အကျိုးရှိ
စေမည့် ( Win - Win ) သတင်းမျိုး ဖြစ်ပါသည်။ ထိုကဲ့သို့ သတင်းများ အပြင်
နှစ်ဦးနှစ်ဖက် စလုံး အကျိုးရှိ စေမည့် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့၏
သတင်းများ၊ ပြည်သူ့ အကျိုးပြု လုပ်ငန်း သတင်းများ၊ တပ်မတော်၏ နိုင်ငံတော်
ကာကွယ်ရေး နှင့် လုံခြုံရေး အတွက် လေ့ကျင့်နေမှု သတင်းများအား မီဒီယာ
များသို့ ပေးပို့ရန် လိုအပ်ပါသည်။ ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်
ခဲ့သော တောင်တက်သမား နှစ်ဦး ပျောက်ဆုံးခဲ့သည့် ကိစ္စ၌ တပ်မတော်က ကူညီ
ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက် နေသည်ကို မီဒီယာ များက
ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြပေးလို ကြပါသည်။ နိုင်ငံတော် လုံခြုံရေး နှင့်
ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် နေရသဖြင့် တပ်မတော်၏ အချို့သတင်း များသည်
အချိန် နောက်ကျပြီး ရောက်ရှိ လာတတ် ပါသည်။ တတ်နိုင်သမျှ သတင်းများကို
ဆောလျင်စွာ ပေးပို့ပါက ပိုမို အကျိုးရှိမည် ဖြစ်ပါသည်။
အစိုးရ
မီဒီယာနှင့် ပုဂ္ဂလိက မီဒီယာ များအား အခွင့်အရေး တန်းတူ ရရှိမှုမရှိ ဟုလည်း
မီဒီယာများမှ ခံစားရလျက် ရှိပါသည်။ သတင်းများအား တစ်ဆင့်ခံ အနေဖြင့်
ပြန်သုံး နေရ၍ အစိုးရ၊ ပုဂ္ဂလိက မခွဲခြားဘဲ ( Fair Play ) နှင့် ( Equal
Chance ) ရှိရန် လိုလားကြ ပါသည်။ ပြည်သူလူထု အနေဖြင့် အစိုးရ မီဒီယာများ
ဖော်ပြချက် ထက် ပုဂ္ဂလိက မီဒီယာများ၏ ဖော်ပြချက်ကို ပိုမို ယုံကြည်ကြ
သဖြင့် ပုဂ္ဂလိက မီဒီယာများ ကိုလည်း တန်းတူအခွင့် အရေးပေး၊ ယုံကြည်ပေးရေး
နှင့် အသုံးပြုရေး ဆောင်ရွက် ရပါမည်။ တပ်မတော်က မီဒီယာ များသို့ ပေးပို့သော
အချို့သတင်း များကို ပြင်ဆင်ခွင့်၊ ဖြတ်တောက်ခွင့် မပေးဘဲ ဖော်ပြပေးရန်
မေတ္တာရပ်ခံ တတ်ပါသည်။ ပြိုင်ဆိုင်မှု ပြင်းထန် နေသော မီဒီယာ လောက၌ မတူ
ကွဲပြားစွာ ဖော်ပြပေးမှ ပရိသတ် စိတ်ဝင်စားခြင်း ခံရမည် ဖြစ်သည်ကို
နားလည်ပေးရန် လိုအပ် ပါသည်။ သတင်း ထုတ်ပြန်မှု၊ သတင်းရရှိမှု နည်းပါး
နေချိန်၌ ရရှိသည့် သတင်းကိုပင် နာမ ဝိသေသန အမျိုးမျိုး တပ်လျက် ဖန်တီး
နေရခြင်းသည် သတင်းရရှိမှု များပြား လာချိန်တွင် အလိုအလျောက် ပြေလည် သွားမည့်
ကိစ္စဖြစ်သည် ဟုလည်း ပွင့်လင်းစွာ ဆွေးနွေး သွားနိုင်ခဲ့ ပါသည်။
လက်ရှိ
မြန်မာ့ ဒီမီယာ လောကနှင့် ပတ်သက်၍လည်း ယခင်က ဗဟို ဦးစီးစနစ် ၏
အုပ်ချုပ်မှုဖြင့် နေထိုင်ခဲ့ ရသူများ ဖြစ်၍ ကိုယ်စီ ပုဂ္ဂလိက ခံစားချက်များ
ရှိကြောင်း သိရသည်။ လွတ်လပ်ခွင့်များ ရရှိ နေသော်လည်း ဆက်လက်
ဖိနှိပ်ဆဲဟုပင် ခံစား နေရသည်။ ထို့ကြောင့် အာဏာပိုင်များ နှင့် အဖွဲ့အစည်း
များအကြား၊ လူတစ်စု အကြား ဖြစ်သည့် တင်းမာမှုများ ၌ပင် လုပ်ထုံးလုပ်နည်း
နှင့် မည်မျှပင် မှန်ကန် ပါစေ အာဏာပိုင်များ၊ အစိုးရ အဖွဲ့အစည်း များအား
အပြစ်တင် ရေးသား ထားကြသည်ကို နားလည်မှု ရှိရမည် ဖြစ်သည်။ တပ်မတော်နှင့်
ပတ်သက်၍ မီဒီယာများမှ စွပ်စွဲမှု၊ ပြစ်တင် ဝေဖန်မှုများ ပြုလုပ် နေသော်လည်း
တပ်မတော်မှ သိသိသာသာပင် သည်းခံ နေထိုင် ခဲ့သည်။ သဘောထား ကြီးကြောင်း ပြသ
ခဲ့ခြင်းဖြင့် အချိန် အတိုင်းအတာ တစ်ခု၌ အမှန်တရား နှင့် အရှိတရားကို
မီဒီယာများက ခံယူ လာတတ်မည် ဖြစ်ပါသည်။ ပြည်တွင်း၌ သတင်းထောက် ပေါင်း ၄၄ဝဝ
ဦး ရှိပြီး သတင်းထောက် များ အနေဖြင့်လည်း Professional သင်တန်းများ
တက်ရောက်ခဲ့ သူများ မဟုတ် သောကြောင့် ချို့ယွင်းချက် အားနည်းချက် များ
ရှိနိုင်ပါသည်။ ၄င်း ချို့ယွင်းချက်၊ အားနည်းချက် များအား နားလည်မှု
နှင့်အတူ ယုံကြည်မှု များ တည်ဆောက် သွားပါက မီဒီယာများ နှင့် တပ်မတော် ၏
ပူးပေါင်း ဆောင်ရွက်မှု များမှာ ပိုမို အားကောင်း လာမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ
စာနယ်ဇင်း ကော်စီ (ယာယီ) အနေဖြင့် သတင်း မီဒီယာ ဥပဒေ ပေါ်ထွက်လာရေး၊
နည်းဥပဒေ များ ပေါ်ပေါက် လာရေး၊ သတင်းမီဒီယာ လောက တည်ငြိမ် လာစေရေး၊
ထိန်းသိမ်းမှု ရှိသော သတင်း မီဒီယာများ ဖြစ်လာစေရေး နှင့် အစိုးရနှင့်
မီဒီယာကြား ( Mediation ) အဖွဲ့အစည်း အဖြစ် ဆောင်ရွက် နေသော အဖွဲ့အစည်း
ဖြစ်ပါသည်။ မိမိ ခြေထောက်အပေါ် မိမိ ခိုင်ခိုင်မာမာ ရပ်တည် နိုင်အောင်
ကိုယ့်အား ကိုယ်ကိုး တည်ဆောက် ခဲ့သည့် အဖွဲ့အစည်း လည်း ဖြစ်သည်။
အချင်းချင်း အဆင်ပြေ စေရန်မှစပြီး အခက်အခဲ များအား ရင်ဆိုင် တည်ဆောက်
ခဲ့ရပါသည်။ ပုဂ္ဂိုလ်ရေး ထိခိုက်မှု မပါရှိဘဲ မျှတစွာ ရေးသား တတ်သည့် မီဒီယာ
သမားများ ရှိသကဲ့သို့ ပုဂ္ဂလိက ခံစားချက်၊ မကျေနပ်ချက် များအား
အကြောင်းပြုပြီး မီဒီယာ ကျင့်ဝတ်ကို ဖောက်ဖျက် ရေးသားနေမှု များလည်း
ရှိပါသည်။ စာနယ်ဇင်း ကောင်စီ အနေဖြင့် ထိန်း၍ ရတာရှိသလို၊ ထိန်း၍
မရတာများလည်း ရှိခဲ့ပါသည်။
မီဒီယာများ
အနေဖြင့် မဏ္ဍိုင်ကြီး သုံးရပ်ဖြင့် တပ်မတော် အပေါ် နားလည် သဘောပေါက်ဖို့
လိုကြောင်း တွေ့ရှိရ ပါသည်။ ရင်ဆိုင် ကြုံတွေ့ နေရသည့် အကျပ်အတည်းများ၊
အခက်အခဲ များအား သိရှိရန် လိုအပ်ပါသည်။ အချို့ မီဒီယာများ အနေဖြင့်
တိုင်းပြည်၏ ပြုပြင် ပြောင်းလဲရေး ကို အဟန့်အတား ဖြစ်အောင် အပြုသဘော မဟုတ်၊
အပျက် သဘောဖြင့် တမင်လုပ်ဆောင် နေသူများလည်း ရှိပါသည်။ ထို့ကြောင့်
အားလုံး ပူးပေါင်း ဆောင်ရွက်ပြီး သတင်းမှန်များ အား မြန်မြန်ဆန်ဆန်
ထုတ်ပြန် ချေပရန် လိုအပ်ပါသည်။
သတင်း
မီဒီယာဥပဒေ၊ မီဒီယာ ကျင့်ဝတ်များအား အနှစ်ချုပ် လိုက်ပါက ( A,I,R )
ဆိုသည့် အနှစ်သာရ ကိုသာ ရရှိပါမည်။ မီဒီယာ နှင့် မီဒီယာသမား များသည်
မှန်ကန် တိကျမှု ( Accuracy )၊ ဘက်မလိုက်မှု ( Impartially ) နှင့်
တာဝန်ယူမှု၊ တာဝန်ခံမှု ( Responsibility ) တို့ကို ကျင့်ဝတ်သီလ သဖွယ်
လိုက်နာရန် လိုအပ် ပါသည်။ ယနေ့ နိုင်ငံတော် အစိုးရနှင့် တပ်မတော် တို့
လျှောက်လှမ်း နေသည့်လမ်းမှာ လမ်းမှန်ဖြစ်ပြီး လမ်းကြောင်း ကောင်းမွန်လျက်
ရှိကြောင်း၊ နိုင်ငံရေး အကဲခတ်သူတိုင်း နားလည် ကြသည်။မီဒီယာများ အနေဖြင့်
¤င်း တိုးတက်မှု အပေါ် အကောင်းမြင် သဘောထား များဖြင့် ပုံဖော်ကြရန်
လိုသည်။ယနေ့ မီဒီယာလောက၌ အဓိက လိုအပ်ချက်မှာ ပြည်သူ့ အကျိုးစီးပွား နှင့်
အများပြည်သူ စိတ်ဝင်စားသည့် ကိစ္စများအား ရောထွေးစွာ နားလည် နေခြင်းပင်
ဖြစ်သည်။ အများပြည်သူ စိတ်ဝင်စားသည့် ကိစ္စတိုင်း ပြည်သူ့ အကျိုးစီးပွား
မဟုတ်ပါ။ အများက စိတ်ဝင်စားသော ကိစ္စတစ်ခု ဖြစ်သော်လည်း အခြေအနေ၊ အချိန်အခါ
နှင့် မကိုက်ညီဘဲ ထည့်လိုက်သော သတင်းသည် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ကို
နစ်နာစေမည် ဖြစ်သည်။ နိုင်ငံတကာ စာမျက်နှာ၌ အမျိုးသား အကျိုးစီးပွားကို
နစ်နာ စေနိုင်သည်။
၎င်းကိစ္စများ
အတွက် မီဒီယာ လောကသား များ၏ အရည်အသွေး၊ ခံယူချက် နှင့် ဝမ်းစာတို့ကို
ပြည့်ဝနေရန် လိုအပ် ပါသည်။မီဒီယာ နှင့် တာဝန်ရှိသူ အားလုံးမှ ပူးပေါင်း
ဆောင်ရွက်မှသာ ပြည်သူ့ အကျိုးစီးပွား သယ်ပိုး နိုင်သည့် မီဒီယာများ
ဖြစ်လာမည် ဖြစ်ပါသည်။
ပြည်တွင်း
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ လည်း မီဒီယာများမှ တပ်မတော် အပေါ်
အားမလို၊ အားမရ ဖြစ်ခဲ့ ရပါသည်။ တိုက်ပွဲများ၊ ထိပ်တိုက် ရင်ဆိုင်မှုများ
ဖြစ်လာပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ဦးစွာ
သတင်းထုတ်ပြန် တတ်ပြီး တပ်မတော်အား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ချိုးဖောက်
နေသည်ဟု စွပ်စွဲ ကြသည်။ မီဒီယာများမှ တပ်မတော်သို့ စုံစမ်း သော်လည်း
အတည်ပြု သတင်း ထုတ်ပြန်မှု မလုပ်ခဲ့၊ တပ်မတော်၏ သဘောထား နှင့် ပတ်သက်၍
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆွေးနွေး ခဲ့ရာတွင် လက်ရှိ ဖြစ်ပေါ်နေသော
အခြေအနေသည် ပြည်ပရန် နှိမ်နှင်းရေး တိုက်ခိုက်မှု မဟုတ်ကြောင်း၊
တိုင်းရင်းသား လက်နက်ကိုင် အချို့သည် သဘောတူ ခွင့်ပြု ထားသည့် အတိုင်း
လိုက်နာမှု မရှိသဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
တပ်မတော် အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ကို စစ်မှန်သော
လိုလားစိတ်ဖြင့် ဆောင်ရွက် နေကြောင်း သိရသည်။
တိုက်ပွဲများ၊
ထိပ်တိုက် ရင်ဆိုင်မှု များသည် တပ်မတော်မှ စတင်ခဲ့၍ ဖြစ်ခဲ့ရခြင်း လုံးဝ
မရှိ။ တပ်မတော်အား တစ်ဖက်သတ် နှောင့်ယှက် စတင် တိုက်ခိုက် ခဲ့ခြင်းသာ
ဖြစ်သည်။ မလွှဲမရှောင် သဖြင့်သာ တပ်မတော်မှ မိမိကိုယ်ကို လုံလောက်သော
ကာကွယ်ခဲ့ ရခြင်းသာ ဖြစ်သည်။ ဖြစ်စဉ်များ နှင့် ပတ်သက်၍ သတင်း
ထုတ်ပြန်ခြင်း ပြုလုပ်ပါက အမုန်းတရား၊ အာဃာတ တရားများသာ တိုးပွား လာစေပြီး
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အထိခိုက် မခံနိုင်၍ သတင်းကို ထိန်းသိမ်း
ထုတ်ပြန်ခြင်း သာ ဖြစ်ပါသည်။
မီဒီယာများမှ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပေါ် အမြင်နှင့် ပတ်သက်၍ လည်း တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် နိုင်ငံတော် ၏ ဒီမိုကရေစီရေး ပြုပြင်
ပြောင်းလဲမှု များကို အလေးထား ဆောင်ရွက် နေသော ပြုပြင် ပြောင်းလဲရေး
ခေါင်းဆောင် တစ်ဦး ဖြစ်သည်ဟု ယုံကြည်လျက် ရှိသည်။ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်သည် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး မှစ၍
ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး မီဒီယာများ နှင့် စတင် ထိတွေ့
ဆက်ဆံခဲ့သည်။ အမျိုးသမီး ဗိုလ်သင်တန်း ကျောင်း ဖွင့်လှစ်ခဲ့ပြီး မြန်မာ့
လူဦးရေ၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်း ရှိသော အမျိုးသမီး ကဏ္ဍကို ဆန်းသစ်စေ ခဲ့သည်။
တပ်မတော် ဆေးတပ်ဖွဲ့တွင် အမျိုးသမီး တပ်မှူးများ ခန့်အပ်ခဲ့ပြီး
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များပါ ရွေးချယ် ခန့်ထား ပေးသည်။
တပ်မတော်နေ့၌ ခေတ်မီစ စ်လက်နက် ပစ္စည်း၊ ယန္တရား များဖြင့် စစ်ရေးပြ၍ မြန်မာ့
ကာကွယ်ရေး အတွက် ပြည်သူတို့ကို စိတ်ချ ဂုဏ်ယူ စေခဲ့သည်။ ဂျပန်ခရီးစဉ်၌
အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း နှင့် ဗိုလ်မှူးကြီး ဆူဇူကီး
တို့ တွေ့ဆုံပြီး မြန်မာ့ တပ်မတော် သန္ဓေတည်ရာ နေရာ၊ မြန်မာ့ လေသူရဲများ
ပထမဆုံး တက်ရောက် ခဲ့သည့် သင်တန်းကျောင်း ၊ ဗိုလ်မှူးကြီး ဆူဇူကီး ၏
အုတ်ဂူနှင့် ဂျပန် - မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် ကျောက်တိုင် တို့ကို
သွားရောက် ဂါရဝပြု ခဲ့သည်။ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ အပေါ်
ကူညီ ဆောင်ရွက်ပေးရေး၊ လိပ်ကျွန်း လူသတ်မှု နှင့် ပတ်သက်၍ ဖမ်းဆီးခံ မြန်မာ
တိုင်းရင်းသား နှစ်ဦးကိစ္စ အား ထိရောက်သော စကားများဖြင့် တောင်းဆို ကာကွယ်
ပေးခဲ့သည်။ ၄င်းကိစ္စ များနှင့် ပတ်သက်၍ မီဒီယာများ အပါအဝင် ပြည်သူလူထုမှ
တပ်မတော် အပေါ် အကောင်းမြင် သဘောထားများ တိုးပွား လာခဲ့ပါသည်။
ပုဂ္ဂလိက
မီဒီယာများ အနေဖြင့် အရေးအသား၊ အသုံးအနှုန်း များမှစ၍ ထိန်းသိမ်း ဆောင်ရွက်
နိုင်စေရေး ကိုလည်း ပွင့်လင်းစွာ ဆွေးနွေး နိုင်ခဲ့ပါသည်။ လွတ်လပ်ရေး
ကြိုးပမ်းမှု သမိုင်းမှစ၍ ယနေ့တိုင် နိုင်ငံတော်နှင့် ပြည်သူအတွက် အသက်၊
ခန္ဓာ စတေး ပေးဆပ်၍ အချုပ်အခြာ အာဏာကို ကာကွယ်ပေး ခဲ့သော တပ်မတော် အပေါ်
''အစိုးရ စစ်တပ်'' ဆိုသော အသုံးအနှုန်း ''စစ်တပ်'' ဆိုသော အသုံးနှုန်းဖြင့်
သုံးနှုန်း ရေးသားပြီး လက်နက်ကိုင် အဖွဲ့များ အပေါ် ''---တပ်မတော်'' ဆိုသော
အသုံးအနှုန်း များဖြင့် ရေးသား ပြောဆိုနေမှု များသည် သတိပြုဖွယ် ဖြစ်ပါသည်။
အဖြစ်အပျက်များ၊ ဖြစ်စဉ်များအား ပုဂ္ဂလိက ခံစားချက် ကိုသာ ဦးစားပေး၍ ရေးသား
နေခြင်းသည် အတွေးမှား၊ အမြင်မှား၊ သမိုင်း အမှားများ ဖြစ်ပေါ် စေကာ
ခံယူချက်၊ ယုံကြည်ချက် နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ကို ထိခိုက်
လာစေမည် ဖြစ်သည်။ သတင်း ဆိုသည်မှာ ကုန်ကြမ်းသာ ဖြစ်ပြီး မှန်ကန်မှု၊
ခိုင်မာမှု ရှိ - မရှိ စိစစ်ရန် လိုအပ်မည် ဖြစ်ပါသည်။
အတွေးအမြင်၊
ဗဟုသုတ နှင့် သဘောထား အမြင်ချင်း လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေး ဖလှယ်ခဲ့
ကြသည့် တွေ့ဆုံမှု၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် မှလည်း ရိုးသား ရှင်းလင်းသည့် သဘောထား များအား ထုတ်ဖော်
ဆွေးနွေးခဲ့ ပါသည်။ သတင်း မီဒီယာ ကျင့်ဝတ် များအား လေ့လာကြည့် ရာတွင်
စုံလင်စွာ ပြုစုထား သည်ကို တွေ့ရမည် ဖြစ်သည်။ အတွေ့အကြုံ များကို အခြေခံ၍
ပြုစုထားသော အကြောင်းအရာ၊ အချက်အလက်များ ဖြစ်ပေသည်။ ကျင့်ဝတ် ဆိုသည်မှာ
စည်းကမ်းသာ ဖြစ်ပါသည်။ ရှင်းလင်းစွာ ရှုမြင် ကြည့်လျှင် စည်းကမ်း ဆိုသည်မှာ
တိုက်တွန်းချက် နှင့် တားမြစ်ချက် များသာ ဖြစ်ပါသည်။ ရည်ရွယ်ချက် (
Intention ) နှင့် စိတ်ရင်း စေတနာသာ မှန်ကန်ပါက စည်းကမ်းကို အလိုလို
လိုက်နာပြီး ဖြစ်ပါသည်။ ( Intention ) ကောင်းပါက စည်းကမ်း နှင့်
ငြိစွန်းနေလျှင် ပင် ခွင့်လွှတ် နိုင်သည့် သဘော ရှိပါသည်။ နိုင်ငံတော်၏
ပြုပြင် ပြောင်းလဲရေး ကာလ ( Transation Period ) သည် သုံးနှစ် သက်တမ်းသာ
ရှိသေးပြီး လွတ်လပ်မှု ပိုမိုရရှိ လာသော မီဒီယာများ၏ ရေးသားချက် နှင့်
ပတ်သက်၍ လည်း တပ်မတော် အပိုင်းမှ တတ်နိုင်သရွေ့ သဘောထားကြီး စိတ်ရှည်
သီးခံမည် ဖြစ်သည်။ စည်းကမ်းထက် မြင့်မားသော လိုက်နာရန် အချက်များအား
ဥပဒေအဖြစ် ပြဌာန်း ရသည်။ စည်းကမ်းထက် ပို၍ ပြင်းထန်ပြီး မလိုက်နာ ပါက
အရေးယူ ရခြင်းပင် ဖြစ်လာ ပါသည်။ တည်ဆဲ ဥပဒေများ အရ အရွယ်ရောက်ပြီ ဟု
သတ်မှတ် ထားသော အသက် ၁၈ နှစ်ပြည့်ပြီး ပါက ဥပဒေ ဆိုသည်မှာ မသိဟူ၍ မရ၊
ပြစ်မှု ကျူးလွန်ပါက ဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ပါသည်။
တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး
အတွက် စစ်မှန် ခိုင်မာသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် ပညာရေး အပေါ်
အမြင်ကိုလည်း အမြင်ချင်း ဖလှယ်ခဲ့ ပါသည်။ ကမ္ဘာသည် ပညာခေတ် ( Knowledge Age )
သို့ ကူးပြောင်း ရောက်ရှိနေပြီ ဖြစ်သဖြင့် နိုင်ငံသူ၊ နိုင်ငံသား အားလုံး
အသိပညာ၊ အတတ်ပညာ အဆင့်မြင့်မား ပါမှ နိုင်ငံတကာ နှင့် ရင်ပေါင်တန်း ရပ်တည်
နိုင်မည့် ခေတ်မီနိုင်ငံ ဖြစ်လာမည် ဖြစ်သည်။
စဉ်ဆက်မပြတ်
ဖွံ့ဖြိုး တိုးတက်ရေး ပညာတတ် လူငယ် လူကောင်း များအား ပြုစုပျိုးထောင်
ရပါမည်။ ပြုစုပျိုးထောင် ပေးခြင်း၊ ပညာ သင်ကြား ပေးခြင်းသည် အခြေခံမျှသာ
ဖြစ်သည်ကို ခံယူတတ်ရ ပါမည်။ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်က
မိမိကိုယ်ကို တိုးတက် နေအောင် အစဉ် ယှဉ်ပြိုင် ကြိုးစားနေမှု၊ အတန်းပညာ
ပြီးဆုံး သွားသော်လည်း စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးခြင်း (Continuous
Learning) ၊ ကိုယ်တိုင် လေ့လာ ဆည်းပူးခြင်း (Self Study) တို့ ပြုလုပ်
သွားမှသာ နိုင်ငံအကျိုး ထိရောက်စွာ ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။
ထိုနည်းတူ မီဒီယာနှင့် မီဒီယာ သမားများ အနေဖြင့်လည်း မိမိတို့ လေ့လာဆည်းပူး
ထားသော အတတ်ပညာ များအား စဉ်ဆက်မပြတ် တိုးတက်အောင် လေ့လာ သင်ယူခြင်း၊
ကိုယ်တိုင် ဆည်းပူး လေ့လာခြင်းဖြင့် ပိုမို ပြည့်ဝသော၊ နိုင်ငံတော် နှင့်
ပြည်သူ့ အကျိုးကို ပိုမို ဆောင်ကြဉ်း နိုင်သော မီဒီယာ သမားကောင်းများ
ဖြစ်လာ စေရေး ဆောင်ရွက် သွားရမည် ဖြစ်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
အနေဖြင့် ဖွံ့ဖြိုး တိုးတက်နေသော နိုင်ငံများသို့ ရောက်ရှိတိုင်း ¤င်းတို့၏
ပညာရေးစနစ် ကို လေ့လာ ကြည့်သည့် အခါ ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏
ပညာအပေါ် သဘောထား လေ့လာ လိုက်စားမှု၊ စိတ်အား ထက်သန်မှု တို့ကို အတုယူဖွယ်
တွေ့ရှိခဲ့ရ သည်ဟု ပြောကြား ခဲ့သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏
ပညာရေး အပေါ် စိတ်ပါ ဝင်စားမှု တန်ဖိုးထားမှု တို့အား တပ်မတော်သား များနှင့်
မိသားစုဝင် များ၏ ပညာရည် မြှင့်တင်ရေး လုပ်ငန်း များအား အခြေခံ ကျကျ
ဆောင်ရွက် ပေးနေမှုများမှ တစ်ဆင့် လေ့လာ နိုင်ပါသည်။ ၂ဝ၁၄ ခုနှစ်၊ တက္ကသိုလ်
ဝင်တန်း စာမေးပွဲ၏ တစ်နိုင်ငံလုံး အောင်ချက် ပျမ်းမျှမှာ ၃ဝ ဒသမ ၆၇
ရာခိုင်နှုန်း ဖြစ်ပြီး တပ်မတော် အခြေခံပညာ အထက်တန်း ကျောင်း ၂၉ ကျောင်း၏
အောင်ချက် ပျမ်းမျှမှာ ၃၅ ဒသမ ၇၈ ရာခိုင်နှုန်း ဖြစ်သည် ဟူသော ရလဒ်က
မှတ်ကျောက်ပင် ဖြစ်ပါသည်။
တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် ဘဝ အတွေ့အကြုံ၊ လုပ်ငန်း အတွေ့အကြုံ နှင့်
စပ်ဆိုင်သော အတွေးအမြင် များအား ဖလှယ်ရာ၌ တပ်မတော်တွင် ၄င်း ခေါင်းဆောင်
ရသော အဖွဲ့အစည်း တစ်ခုကို ဘယ်လို ကောင်းအောင် လုပ်ရမလဲ ဆိုသော စဉ်စား
တွေးခေါ် နည်းဖြင့်သာ ဘဝ တစ်လျှောက်လုံး ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။
အားကိုးမှု၊ အားထားမှု ဟူသည့်အနက် အဓိပ္ပာယ် ကို ရှင်းလင်း သိမြင်လျက် လိုက်နာ
ဆောင်ရွက် နိုင်ရမည် ဖြစ်သည်။ အားကိုးခြင်း နှင့် အားထားခြင်းမှာ
မတူနိုင်ပေ။ တပ်မတော် အကြီးအကဲ တစ်ဦး အနေဖြင့် ခေါင်းဆောင် နေရသော
တပ်မတော်ကို ပြည်သူက အားကိုး နေစေရန်၊ တိုင်းပြည်က အားထား နေစေရန် အစဉ်
ကြိုးပမ်း တည်ဆောက်လျက် ရှိသည်။ ခေါင်းဆောင် တစ်ဦးသည် နိုင်ငံတော်က အားထား
နိုင်သူတစ်ဦး၊ မိမိ ကွပ်ကဲ ခေါင်းဆောင် ရသည့် အဖွဲ့အစည်း နှင့်
လူပုဂ္ဂိုလ် များမှ အားကိုးနိုင်သူ တစ်ဦး ဖြစ်မှသာ ခေါင်းဆောင်ကောင်း
ပီသမည်။
အဖွဲ့အစည်း
တိုင်း သည်လည်း ပြည်သူက အားကိုး နိုင်ပြီး နိုင်ငံတော်က အားထား နိုင်သော
အဖွဲ့အစည်း ဖြစ်ရန် လိုအပ်ပါသည်။ထို့အတူ မီဒီယာ များကိုလည်း ပြည်သူက
အားကိုးနိုင်ပြီး၊ တိုင်းပြည်က အားထား နိုင်သော အဖွဲ့ ဖြစ်စေရန်မှာ
တပ်မတော် အကြီးအကဲ ၏ ရင်ထဲမှ လာသော စစ်မှန်သည့် စေတနာ စကား ဖြစ်ပါသည်။
တပ်မတော်မှ
လွှတ်တော် အတွင်း ပါဝင် ဆောင်ရွက်နေသည့် တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ်များ အပေါ် မီဒီယာ များ၏ အမြင်ကိုလည်း ဆွေးနွေး ခဲ့ကြသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ၏ မေးမြန်းချက်၊ အဆိုပြုချက်၊
ဆွေးနွေးချက် တို့သည် နိုင်ငံတော် အတွက် များစွာ အသုံးဝင်ပြီး အမှန်တကယ်
လိုအပ်နေသော အကြောင်းအရာ များ ဖြစ်သည်။ နောင်တွင်လည်း ယခုထက် ကဏ္ဍစုံ၊
နယ်ပယ်စုံ ဆွေးနွေး အဆိုပြုနိုင်ရေး အကြံပြုကြ သည်။ တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ် များအား နိုင်ငံအတွက်၊ ပြည်သူ အတွက် လွှတ်တော်၌ လွတ်လွတ်
လပ်လပ် မေးမြန်းခွင့်၊ ဆွေးနွေးခွင့် ပြုထား ပါသည်။ မေးမြန်း ဆွေးနွေးရ
ာတွင် အချက်အလက် တိတိကျကျ နှင့် ဆောင်ရွက်ရ န်သာ ညွှန်ကြားထား ပါသည်။
မေးခွန်းများ မေးမြန်းရာတွင် တစ်ဖက် အဖွဲ့အစည်း၊ အမေးခံ ပုဂ္ဂိုလ် အနေဖြင့်
ဖြေကြားရန် ဘေးကျပ်၊ နံကျပ် ဖြစ်စေမည့်၊ အခက်အခဲ ကျရောက်စေမည့်
မေးခွန်းများ၊ အကျိုးမရှိသည့် မေးခွန်းများကို ရှောင်ရှားရန် မှာကြား
ထားပါသည်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် နယ်ပယ်အလိုက်
ကျွမ်းကျင် သူများ၊ ပညာတတ်များ၊ အတွေ့အကြုံ ရှိသူများအား ရွေးချယ်
ခန့်ထားပြီး တိုင်းကျိုး ပြည်ပြု ဆောင်ရွက်လျက်ရှိပါသည်။
တပ်မတော်
နှင့် မီဒီယာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် နိုင်ရေး မြန်မာနိုင်ငံ
စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ဖွင့်လှစ်သည့် မီဒီယာများ စွမ်းရည်
မြှင့်တင်ရေး သင်တန်းများ၌ တပ်မတော်မှ တပ်မတော်၏ ကျင့်ဝတ်များ၊
စည်းကမ်းများ နှင့် သိသင့်သိထိုက် သည်များအား လာရောက် ဆွေးနွေးပို့ချ
နိုင်ရေး ဆောင်ရွက် ရန် ဆွေးနွေး ခဲ့သည်။ မီဒီယာ သင်တန်းများသို့ တပ်မတော်
မီဒီယာ များမှလည်း တက်ရောက် နိုင်ရေး ညှိနှိုင်း ခဲ့ပါသည်။ သတင်း မီဒီယာများ
နှင့် ဆက်ဆံ ဆက်သွယ်နိုင်ရေး Contect Person အဖြစ် ကာကွယ်ရေး ဝန်ကြီး
ဌာနမှ ဗိုလ်မှူးချုပ် အောင်သော်၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ်
အောင်ရဲဝင်း တို့အား တာဝန် ပေးအပ် ခဲ့သည်။ ပုံမှန် ဆက်သွယ်ရေး လမ်းကြောင်း
နှင့် သတင်း ထုတ်ပြန်ရေး လမ်းကြောင်း များအားလည်း ညှိနှိုင်း ဆွေးနွေး
ခဲ့ကြပါသည်။
တပ်မတော်
အနေဖြင့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် မည်သူ၊ မည်သည် ၏
တိုက်တွန်းချက်၊ နှိုးဆော်ချက် မပါရှိဘဲ သမိုင်းစဉ်ဆက် နိုင်ငံ့အကျိုး၊
ပြည်သူ့အကျိုး ကိုသာ မျှော်ရည်မှန်း ၍ အမျိုးသားရေး တာဝန် သိစိတ်ဖြင့်
ဆောင်ရွက်ခဲ့ ပါသည်။ ယခုကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ တွေ့ဆုံမှု သည်လည်း တပ်မတော်မှ
နိုင်ငံတော် ၏ စတုတ္ထ မဏ္ဍိုင်ကို မြှင့်တင်ပေးရန် အတွက် အမျိုးသားရေး တာဝန်
သိစိတ်ဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်၍ စိတ်ရင်း စေတနာ မှန်သော ၄င်း
ဆွေးနွေးပွဲမှ နိုင်ငံတော်၊ တပ်မတော်၊ ပြည်သူ နှင့် မီဒီယာ တို့အကြား
အကျိုး ဖြစ်ထွန်း စေမည့် ရလဒ်ကောင်းများ ရရှိခဲ့ ပါကြောင်း ရေးသား
လိုက်ရပါသည်။
#PyiChitThar
#ပြည်ချစ်သား
http://www.pyichitthar.com/2014/10/blog-post_19.html

No comments:
Post a Comment